နတ်တလင်းမြို့၌ မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါ ၊ ဝမ်းလျော ဝမ်းပျက်ရောဂါ ၊ အစာအဆိပ်သင့်ရောဂါ အကြောင်း အသိပညာပေးဟောပြော
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် မိုးရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါ ၊ ဝမ်းလျောဝမ်းပျက်ရောဂါ ၊ အစာအဆိပ်သင့်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ ပြုလုပ်ခဲ့သည်။