သန်လျင်လူငယ်သင်တန်းကျောင်းသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များ သွားရောက်ကြည့်ရှု
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များသည် ဇွန်လ ၁၆ ရက်နေ့နံနက်ပိုင်းက သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ကျိုက်ခေါက်ဘုရားလမ်းရှိ သန်လျင်လူငယ်သင်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းအုပ်ကြီးနှင့်တွေ့ဆုံခြင်း၊ ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။