အမြို့မြို့အနယ်နယ်သတင်းများ

မြစ်သားမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ လူငယ်လူရွယ်များ စဥ်းစား‌တွေးခေါ်နိုင်မှုနှင့်ဉာဏ်ရည်ဉာဏ်သွေးတိုးတက်စေရန်ရည်ရည်၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၇ ရက်နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်‌မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၆ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကို ဖေဖော်ဝါရီ  ၈ ရက် နံနက် ၉ နာရီက မြစ်သားမြို့ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ပေးလျက်ရှိသည်။

မြဝတီမြို့တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ ပပျောက်စေရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း Online လိမ်လည်မှုလုပ်ငန်းများ ပပျောက်စေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ၌ အမှတ်(၄)ရပ်ကွက်၊ မြန်မာ-ထိုင်း အမှတ်.(၂)ချစ်ကြည်ရေးတံတားလမ်းရှိ မြို့တော်ခန်းမတွင် online လိမ်လည်မှု ပပျောက်စေရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ညောင်ရွှေမြို့နယ်ရှိ စီမံကိန်းသီးနှံ ဆူရာကီရမ်နေကြာစိုက်ခင်းများသို့ တာဝန်ရှိသူများကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် သလဲဦးကျေးရွာ ရောင်နီဦးစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်း အသင်း သားပိုင် နေကြာစိုက်ခင်းများတွင် ဆူရာကီရမ် နေကြာစိုက်ပျိုး ဖြစ်ထွန်းနေမှုများကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်၊ ရှမ်းပြည်နယ် တောင်ပိုင်း/အရှေ့ပိုင်းသမဝါယမအသင်းစုချုပ် အမှုဆောင်၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်အသင်းစုတို့မှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် ဖျာပုံခရိုင်လေးမြို့နယ် အကြိမ်(၅၀)မြောက်ရွှေရတု ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေစာမေးပွဲ စတင်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဖျာပုံခရိုင် လေးမြို့နယ်လုံးဆိုင်ရာအကြိမ်(၅၀)မြောက် ရွှေရတု ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေစာမေးပွဲတော်ကြီးအား ဖေဖော်ဝါရီ (၈)ရက်နေ့မှ (၁၂)ရက်နေ့ထိ ကျင်းပဆာင်ရွက်သွားမည်ဖြစ်ရာ ယနေ့နေ့လယ် (၁၂)နာရီခွဲ အချိန်၌ စာမေးပွဲပထမနေ့ ဝိနယဘာသာအားမြို့လယ်ကျက်သရေဆောင် ချိုကြည်သာသနာ့ ဗိမာန်၌ရေးဖြေစာမေးပွဲအဖြစ်လည်းကောင်း၊ အာဂုံပြန်စာမေးပွဲကို မြစိမ်းရောင်ဘုရားတန်ဆောင်းတော်ကြီးတွင်လည်းကောင်း ကျင်းပဆောင်ရွက်သည်။

သထုံမြို့၊ ပရိယတ္တိသာသနဟိတအသင်းကြီး၏ (၉၈)ကြိမ်မြောက် မဟာဓမ္မပူဇာ ဘွဲ့နှင်းသဘင်ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့၊ ပရိယတ္တိသာသနဟိတအသင်းကြီး၏ (၉၈)ကြိမ်မြောက် မဟာဓမ္မပူဇာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်က မြသပိတ်တောင်ခြေ၊ သဒ္ဓမ္မဇောတိကာရာမ ကျောင်းတိုက်အတွင်းရှိ ဘွဲ့နှင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

လင်းခေးမြို့၌ (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့တွင် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီက မြို့နယ်(နွယ်ဝတီခန်းမ) အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှု အဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းနော်ဆိုင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။

ကျိုင်းတုံမြို့၌ (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို၌ (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ကျိုင်းတုံမြို့တော်ခန်းမတွင် ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊  တိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။

အင်းစိန်မြို့နယ်တွင် သံဃာတော်များအား ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်

နိုင်ငံတော်အဆင့် ဆရာတော်ကြီးများ၊ ဂိုဏ်းပေါင်းစုံထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ကျန်းမာရေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မင်းဓမ္မလမ်းရှိ သီရိမင်္ဂလာမဟာသာသနာ့ ဗိမာတော်ကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ