အမြို့မြို့အနယ်နယ်သတင်းများ

သရက်မြို့၌ ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ခရိုင်ကြက်ခြေနီအဖွဲ့၊ သုခရတနာပရဟိတအသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခွဲ(စိန်မေရီ)၌ ဆောင်ရွက်ခဲ့သည်။

မြင်းခြံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြို ဟောပြောပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အ.ထ.က-၃ ကျောင်း၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ကျောင်း အောင်ဇေယျခန်းမတွင် ပြုလုပ်ခဲ့သည်။

ညောင်လေးပင်မြို့၌ (၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးစပါးစိုက်အသင်းသား တောင်သူများသို့ မျိုး၊ သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်၌ (၄.၇.၂၀၂၆) ရက်နေ့တွင် ကျရောက်မည့် (၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမကဏ္ဍမှ ဆောင်ရွက်သည့် မိုးစပါး စီမံကိန်းစိုက်ပျိုးသော အသင်းသားတောင်သူများသို့ မျိုး၊ သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်တွင်းကြီးမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး သင်တန်းပို့ချ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးသင်တန်းကို ဇွန်လ ၁၇ ရက်နေ့နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာရုံးတွင် ပြုလုပ်ခဲ့သည်။

ဘားအံမြို့တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ဇွန်လ (၁၈)ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ ဇမ္ဗူမြိုင်သီလရှင်သင်ပညာရေးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်၌ ခမ်းဝါအထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက် အသင်းသားများထံ အစုရှယ်ယာအပေါ်အမြတ်ငွေများ ထုတ်ပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ခမ်းဝါအထွေထွေစီးပွားရေးသမ ဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အခြေခံအသိပညာများရရှိစေရန် အခြေခံတိုင်းရင်းဆေးပညာပေး သင်တန်းအခမဲ့ဖွင့်လှစ်သင်ကြား

တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အခြေခံအသိပညာများရရှိစေရန် ရည်ရွယ်၍ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျောက်ဆည်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံတိုင်းရင်းဆေး ပညာပေးသင်တန်းကို ယနေ့ နံနက်ပိုင်းက အခမဲ့ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြန်မာ့ရိုးရာခြင်းလုံး အခြေခံထိ ၆ ချက်သင်တန်းဖွင့်လှစ်သင်ကြား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club အသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့ရိုးရာခြင်းလုံးအခြေခံထိ  ၆ ချက် (အခမဲ့) သင်တန်းကို ဇွန် ၁၈ ရက် မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများများ၊ Youth Club အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေးလှုပ်ရှားမှုများ ကွင်းဆင်းစစ်ဆေး

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ စားသုံးစေရေး၊ ကျောင်းမုန့်စျေးဆိုင်များတွင် ရောင်းချနေသည့် အစားအသောက်များကျန်းမာရေးနှင့်ညီညွတ်မှု ရှိ/မရှိတို့အား မြို့နယ်ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခြင်းကို ချမ်းအေးသာစံမြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ဇွန် ၁၉ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ