ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၏ သတ္တမအကြိမ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်း
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေ အရာရှိများ၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ဥပဒေချုပ်ရုံးရှိ ပါမောက္ခ ဦးလှအောင်ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ၊ ရုံးအဖွဲ့မှူး၊ ဒုတိယတိုင်းဒေသကြီးဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၊ လက်ထောက်တိုင်းဒေသကြီး ဥပဒေအရာရှိများ၊ ဒုတိယခရိုင်ဥပဒေအရာရှိများ မြို့နယ်ဥပဒေ အရာရှိများ၊ ဦးစီးအရာရှိများနှင့် ဒုတိယမြို့နယ်ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။