သုံးခွမြို့နယ် အမက (၄) ကျောင်းတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက် Read more about သုံးခွမြို့နယ် အမက (၄) ကျောင်းတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက် သုံးခွ နိုဝင်ဘာ ၇
ဇီးကုန်းမြို့နယ်၌ ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ် Read more about ဇီးကုန်းမြို့နယ်၌ ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဇီးကုန်းမြို့နယ်၊ လယ်တွင်းကျေးရွာ အခြေခံပညာကျောင်း အ.လ.က (လယ်တွင်း) ၌ ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ယနေ့နံနက် ၉ နာရီက စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်များ ခင်းကျင်းပြသပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကသာခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသည့် “သမိုင်းမှပေးသော အတွေးအမြင်” ဆောင်းပါးဖြင့် စာဖတ်ဝိုင်း ပြုလုပ် Read more about ကသာခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသည့် “သမိုင်းမှပေးသော အတွေးအမြင်” ဆောင်းပါးဖြင့် စာဖတ်ဝိုင်း ပြုလုပ် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကာ စာပေဖတ်ရှုသည့်အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မာစေရန် ရည်ရွယ်၍ စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသည့် “ သမိုင်းမှပေးသောအတွေးအမြင် ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့သည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး Read more about ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့သန့်ရှင်း သာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့ မြို့နာမ်ရွှေစေတီတော်၊ နောင်ယားကန်သာနှင့် ထေးသမ (လေ့ကျင့်ရေးအလယ်တန်းကျောင်း) များသို့ သွားရောက်၍ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် အခြေခံပညာကျောင်းများ ပြုပြင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် လူငယ်ရေးရာ ဟောပြောပွဲနှင့် လူငယ်စစ်တမ်းဖြေဆိုခြင်းဆွေးနွေးပွဲ ကျင်းပ Read more about မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် လူငယ်ရေးရာ ဟောပြောပွဲနှင့် လူငယ်စစ်တမ်းဖြေဆိုခြင်းဆွေးနွေးပွဲ ကျင်းပ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စစ်တမ်းဖြေဆိုခြင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မကွေးတက္ကသိုလ်ဘက်စုံခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူငယ်ကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမများ၊ တက္ကသိုလ်/ ကောလိပ်များမှကျောင်းသား၊ ကျောင်းသူများ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
တိုက်ကြီးမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပ Read more about တိုက်ကြီးမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား၊ ကျောင်းသူလူငယ်များ ရင်ဆိုင်ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို အမျိုးသားရေး တာဝန်အဖြစ် တိုက်ဖျက်နိုင်စေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဆိုးကျိုးများကိုသိရှိပြီး ကြိုတင်ရှောင်ရှားနိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရာပြည့်အောင်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကာ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
မတ္တရာမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကျင်းပ Read more about မတ္တရာမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကျင်းပ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မတ္တရာမြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်း”စီမံချက် အဆင့်(၃)ထပ်တိုးဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မတ္တရာမြို့နယ် တောင်ပြုံးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၃)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း Read more about (၇၃)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး ၌ ယနေ့နံနက်(၈)နာရီခွဲ က(၇၃)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ကျောက်ဆည်ခရိုင်နှင့် ခရိုင်အုပ်ချုပ်မှုအောက်ရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား မြို့နယ်အထွေထွေအေုပ်ချုပ်ရေးဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ပဲခူးမြို့၌ သဘာဝငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပ Read more about ပဲခူးမြို့၌ သဘာဝငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပ တိုင်းရင်းငါးမျိုးများ ပြုန်းတီးမှုမရှိစေရေး၊ သဘာဝနည်းလမ်းအတိုင်း ရှင်သန်ပေါက်ဖွား နိုင်စေရေး၊ ရေနေသတ္တဝါများ၏ ဇီဝစနစ် ပြန်လည်ရှင်သန်စေနိုင်ရေးနှင့် ရှေးဟောင်းကျုံး ရေရှည်တည်တံ့ စေရေးရည်ရွယ်၍ ပဲခူးမြို့၊ ရန်ကင်းသာပန်းခြံအနီးရှိ ဟံသာဝတီရှေးဟောင်းကျုံး သဘာဝရေပြင်အတွင်းသို့ တိုင်းရင်းငါးမျိုး စိုက်ထည့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ကြသည်။
ရန်ကင်းမြို့နယ်တွင် မီးဘေးလုံခြုံရေး လိုက်လံစစ်ဆေးခြင်း ဆောင်ရွက် Read more about ရန်ကင်းမြို့နယ်တွင် မီးဘေးလုံခြုံရေး လိုက်လံစစ်ဆေးခြင်း ဆောင်ရွက် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်ရှိ ကွန်ဒိုတိုက်ခန်းများနှင့် ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား တစ်အိမ်တက် တစ်အိမ်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၁၁)နာရီမှစတင်၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။