ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ရခိုင်ပြည်နယ် မောင်တောမြို့၌ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက်  ၁၀ နာရီအချိန်  အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

နမ့်ခမ်းမြို့တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ရွှေလီရတနာခန်းမ၌ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ “လူငယ်နှင့်ကျန်းမာရေး”ခေါင်းစဉ်ဖြင့်   လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ကြောင်း သိရသည်။ 

ပင်းတယမြို့၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က တောင်ပေါ်ကြီးကျေးရွာ အ‌ခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ကာလိမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ်တွင် လူငယ်များ ဗလငါးတန်ပြည့်စုံစေရန် အ.ထ.က(၁)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တွင် အနာဂတ် လူငယ်လူရွယ်များသည် တိုင်းပြည်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်ရာ အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်တို့ဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က အ.ထ.က (၁)ကျောင်း၊ ရွှေဂန္ဓမာခန်းမ၌ ကျင်းပခဲ့သည်။

ကျောက်တော်မြို့ အခြေခံပညာမူလတန်းကျောင်း၌ ဟောပြောပွဲ၊ နံရံကပ်ဓာတ်ပုံပြပွဲနှင့်နံရံကပ်စာ‌စောင်ပြပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဟောပြောပွဲ၊ နံရံကပ်ဓါတ်ပုံပြပွဲနှင့်နံရံကပ်စာ‌ စောင်ပြပွဲကျင်းပပြုလုပ်ခြင်းကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ပိုပ်သည်ရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မအီမြို့ အထက်တန်းကျောင်း၌ မူလတန်း(အထက်)အဆင့် ပညာတန်ဆောင်ရုပ်ပြစာစီစာကုံးပြိုင်ပွဲ ကျင်းပ

မူလတန်းအရွယ်ကလေးများအနေဖြင့် အသိပညာ အတတ်ပညာပေါင်းစပ်ပြီး မိမိအကျိုး၊ နိုင့်ငံ့အကျိုးများကို ဆောင်ရွက်တတ်စေရန်၊ မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ခွဲခြားသိမြင် ရွေးချယ်တတ်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ မူလတန်း(အထက်)ဆင့် ပညာတန်ဆောင်ရုပ်ပြစာစီစာကုံးပြိုင်ပွဲကို ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ "မြရတနာ" ခန်းမ၌ ယနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ "လူငယ်နှင့်စာရိတ္တ" ခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ကြောင်းသိရသည်။

ရွာငံမြို့နယ်၊ ရေဦးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေး နယ်လှည့်လှုပ်ရှားမှုကွင်းဆင်း

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်ရုံးသည် အခြေခံပညာကျောင်းသား/သူလေးများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများရရှိစေရန်၊ ပြောဆိုမှုစွမ်းရည်တိုးတက်လာစေရန်နှင့် မှတ်ဉာဏ် စွမ်းရည်တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်ဦးစီးအရာရှိဒေါ်ပြည့်ဖြိုးသန့်နှင့် ဝန်ထမ်းများသည် အခြေခံပညာကျောင်းများသို့ သွားရောက်၍ ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်း၊ နံရံကပ်စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၁ နာရီက ရွာငံမြို့နယ်၊ ရေဦးကျေးရွာ၊ အခြေခံပညအထက်တန်းကျောင်း၌ နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းမှုဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါအထက(ပူတာအို)ကျောင်း အောင်ဆန်းခန်းမ၌ကျင်းပသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ