နမ့်ခမ်းမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲအား ကွင်းဆင်းဆောင်ရွက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုလိုစိတ်ရှိလာစေရန် ရည်ရွယ်ပြီး အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အ.ထ.က (၂) ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။