ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးအကြောင်း ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာပေကို ချစ်မြတ်နိုးသော ကလေးငယ်များနှင့်ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်း (၁၁) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။