ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိလာစေရန်၊ ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ “လူငယ်ရေးရာ အသိပညာပေး” ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းယန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကာဝိုင်း ဆွေးနွေးပွဲကျင်းပ

နိုင်ငံ၏ အနာဂတ်ခေါင်းဆောင်တာဝန်များကို ထမ်းဆောင်ကြမည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် အသိဉာဏ်ဗဟုသုတနှင့် ပြည့်စုံကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ဇန်နဝါရီ ၂၅ ရက် နံနက် ၁၀ နာရီက မြို့နယ်အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ မှတ်ဉာဏ်စွမ်းရည်များ မြင့်မားလာစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေကို အဖြတ်အတောက်မှန်ကန်စွာ ဖတ်တတ်စေရန် ရည်ရွယ်၍ မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲကို  ယနေ့ နံနက် ၁၁နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မီးသတ်တပ်ဖွဲ့ရုံးနှင့် အမှတ်(၂)ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်၌ လူငယ်နှင့် စာပေဗဟုသုတ Talk Show နှင့် စာအုပ်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားပြီး စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့မနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် လူငယ်နှင့်စာပေဗဟုသုတ Talk Show နှင့် စာအုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

လဲချားတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဉာဏစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က  ကျင်းပခဲ့​ပါသည်။

ကျောက်တံခါးမြို့၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်အကြောင်း အသိပညာပေး Talk Show ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်အကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နံနက်(၁၀) နာရီအချိန်၌ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

အခြေခံပညာအလယ်တန်းကျောင်များသို့ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြော

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာအလယ်တန်းကျောင်း မီးသွေးချောင်းကျောင်းနှင့် နောင်မူကျောင်းများမှ ကျောင်းသားကျောင်းသူများအတွက် မူးယစ်ဆေးဝါအန္တရာယ် အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကွင်းဆင်းဟောပြောသည်။

မိုင်းလုံမြို့တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များကို  ဌာနဆိုင်ရာရုံးများတွင် သွားရောက်ငှားရမ်းပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ  စာပေဖတ်ရှုမှုအဆင်ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်ခန့်က  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မိုင်းလုံမြို့ရုံးတွင် သွားရောက် ဌားရမ်းပေးခဲ့သည်။ 

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မူလတန်း အဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ယနေ့ နံနက်(၁၁)နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ