ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

မိုင်းလုံမြို့တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များကို ဌာနဆိုင်ရာရုံးများ သွားရောက်ငှားရမ်းပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ စာပေ ဖတ်ရှုမှုအဆင်ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲ အချိန်ခန့်က မိုင်းလုံမြို့ တိုက်နယ် ကျန်းမာရေးဌာနတွင် သွားရောက်ဌားရမ်းပေးခဲ့သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌  “ခွန်အားရှိသောစာ ခွန်အားရှိသောလူငယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နေ့လယ် ၁၁  နာရီခွဲအချိန်က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  (Book Club) အဖွဲ့ဝင်များ နှင့်ပူးပေါင်း၍ စာရေးဆရာဆူးသစ် ရေးသားသည့် “ခွန်အားရှိသောစာ ခွန်အားရှိသော လူငယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။

သီပေါမြို့အတွင်း ရပ်ကွက်များမှ စာပေဝါသနာရှင်စာဖတ်သူပြည်သူများထံသို့ စာအုပ်များ လက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းများဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ စာဖတ်သူစာပေဝါသနာရှင်များထံသို့ စာအုပ်များ လက်ဝယ်အရောက်ငှားရမ်းပေးခြင်းကို  ယနေ့နံနက် (၉)နာရီခွဲက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဂွမြို့နယ်တွင် လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့ ည​နေ ၃ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဂွမြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်များ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်အတွက် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

နမ္မတူမြို့နယ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးရေးအတွက် နွေရာသီအခြေခံအားကစားနည်း (၄)မျိုး အခမဲ့ သင်ကြားပေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ် ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာကြံ့ခိုင်ပြီး အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် စုပေါင်းဆောင် ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ

နမ့်ခမ်းမြို့နယ်ရုံး၊ Community Centre ခန်းမတွင် စာဖတ်ဝိုင်းဆောင်ရွက်

မြန်မာနိုင်ငံမှ ကိုဗစ်-၁၉ ပိုးတွေ့လူနာများ၏ ကိုယ်တွေ့ဖြစ်ရပ်များအကြောင်းကို စာပေ ချစ်သူများနှင့် Book Club  အဖွဲ့ဝင်များ သိရှိပြီး ကိုယ်တိုင် ကြုံတွေ့ရပါက  လိုက်နာဆောင်ရွက် ရမည့် ချက်များကို သိရှိနိုင်စေရန် ရည်ရွယ်ပြီး စာရေးဆရာ မင်းလွင်ရေးသားသော “စိုးထိတ် နေ့စွဲများ” စာအုပ်ကို ယနေ့နံနက် (၁၁)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်ရုံး Community Centre ခန်းမအတွင်း၌ စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန့်ဟီးရိုးမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြပွဲများ ပြသဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရှိ ဒေသခံပြည်သူများအား နွေဦးပွင့်လင်း ရာသီတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြပွဲများကို ယနေ့ နေ့လည် ၂ နာရီအချိန်တွင် ပြသဆောင်ရွက်ခဲ့ပါသည်။

ကွတ်ခိုင်မြို့၌ ဥပဒေဆိုင်ရာအကြောင်းအသိပညာပေး (Talk Show)ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေပြုအထောက်အကူပေးရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသော ဥပဒေဆိုင်ရာအကြောင်း အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ