ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်ပုံတူပန်းချီ ပြိုင်ပွဲပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ပြည်သူ့စာကြည့်တိုက် Community Centre တွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကျောင်းသူ/ ကျောင်းသားများ ကာယဉာဏ ဖွံ့ဖြိုးတိုးတက်စေရန် ပြိုင်ပွဲများပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

နမ့်စန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက်၌ Basic English Grammar and Speaking နွေရာသီသင်တန်း တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူလူငယ်များအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဆောင်ရွက်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူ ၃၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်အတွက် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် မီးဘေးအန္တရာယ် အသိပညာပေး(Talk Show)ဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျိုက်ထိုမြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်(၉)နာရီအချိန်က မီးဘေးအန္တရာယ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

သံဖြူဇရပ်မြို့နယ် Community Center ခန်းမ၌ မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်များ ကာယစွမ်းရည်ပြိုင်ပွဲများပြုလုပ်

မွန်ပြည်နယ်​၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်များ ကာယစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် နွေရာသီအခြေခံပန်းချီသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် နွေရာသီ အခြေခံပန်းချီသင်တန်းကို ယနေ့နံနက် ၉ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍   နွေရာသီအခြေခံပန်းချီ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Mobile library စနစ်ဖြင့် စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်း ငှားရမ်း

ဒေသခံပြည်သူများနှင့် လူငယ်၊ လူရွယ်များကို အသိပညာဗဟုသုတများ တိုးတက်မြင့်မားရေး၊ စာဖတ်ရှိန်မြှင့်မားရေးနှင့် စာအုပ်၊ စာစောင်များနှင့် ပိုမိုရင်းနှီးမှု ရှိစေရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက mobile library စနစ်ဖြင့် အမျိုးသမီး အိမ်တွင်းမှုသက်မွေးသင်တန်းကျောင်းသို့ ယမန်နေ့နံနက် (၁၁)နာရီအချိန်တွင်သွားရောက်၍ နယ်လှည့်ကွင်းဆင်းပြီး စာအုပ်၊ စာစောင်နှင့် သုတရသစာပေ များကို အခမဲ့ငှားရမ်း ပေးခဲ့ပါသည်။

ဒက္ခိဏသီရိမြို့နယ်၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ (လူငယ်၊ လူရွယ်) များအနေဖြင့် တပ်မတော်နေ့အကြောင်းအရာများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းမှ ရူပဗေဒစာမေးပွဲဖြေဆိုပြီးစီးသည့် ကျောင်းသား၊ ကျောင်းသူများထံသွားရောက် ဖြန့်ဝေခဲ့သည်။

နမ့်ဆန်မြို့နယ်၌ သဘာဝပတ်ဝန်းကျင်နှင့် ကြွပ်ကြွပ်အိတ်အကြောင်း အသိပညာပေး Talk Show ပြုလုပ်

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်း(၂)နာရီအချိန်က သဘာဝပတ်ဝန်းကျင်နှင့် ကြွပ်ကြွပ်အိတ်အကြောင်း အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။

သီပေါမြို့လူထုအခြေပြုဗဟိုဌာနခန်းမတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲ (၁)နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ