ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့ ညနေ ၃ နာရီက ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောင်တရားမြို့၌ စာပေဖတ်ရှုမှုမြင့်မားလာစေရေးအတွက် mobile စနစ်ဖြင့် စာအုပ်ငှားရမ်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာပေဖတ်ရှုမှု မြင့်မားလာစေရေး အတွက် နောင်တရားမြို့အတွင်း ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များသို့ mobile စနစ်ဖြင့် ယနေ့နံနက်ပိုင်းတွင် စာအုပ်စာစောင် ငှားရမ်းသည်။

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book Club/ Youth Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ BookClub/ YouthClub အဖွဲ့ဝင်များက စာရေးဆရာဒေါက်တာမတင်ဝင်း၏ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးခြင်းစာအုပ်အား ယနေ့နံနက်ပိုင်း(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ဝိုင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အပတ်စဉ် ပုံမှန် စာဖတ်ဝိုင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများ အခြေခံအင်္ဂလိပ်စာ သင်တန်းတက်ရောက်နေသည့် သင်တန်းသား သင်တန်းသူ၊ ကျောင်းသားလူငယ်များနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။

သီပေါမြို့ ပြည်သူ့စာကြည့်တိုက်တွင် မြန်မာစကားပုံများ သင်ကြားဆောင်ရွက်

နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူကလေးများ အချိန်ကို အကျိုးရှိစွာ အသုံးချ တတ်စေရန်၊ ဉာဏ်ပညာတိုးတက်လာစေရန်၊ မြန်မာစကားပုံများကို သိရှိနားလည်စေရန်၊ စာဖတ်စွမ်းရည် တိုးတက်လာစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်၍ ဝင်ထွက်သွားလာ အသုံးပြုတတ်စေရန်တို့အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက်(၉)နာရီက မြန်မာစကားပုံများ သင်ကြားပေးခဲ့ကြောင်း သိရသည်။

(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၃ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်ခရိုင်၊ ကုန်းကြမ်းမြို့တွင် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကုန်းကြမ်းမြို့ အမှတ်(၃)ရပ်ကွတ် တရုတ်စာသင်ကျောင်းနှင့် ဌာနဆိုင်ရာများတို့အား ဖြန့်ဝေခဲ့ပါသည်။

စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနသို့ လှည့်လည်ငှားရမ်းပေးလျက်ရှိသည်။

တောင်ကုတ်မြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့နံနက် (၁၁)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ