နွေရာသီအားလပ်ချိန်များတွင် စာပေချစ်သူများ တိုးတက်လာရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများထံသို့ စာအုပ်၊ စာစောင် သွားရောက်ငှားရမ်းခြင်းများ ဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများသည် နွေရာသီအားလပ်ရက်များတွင် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများအား စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေချစ်သူများ ဖြစ်လာစေရေးအတွက် မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးသို့ စာအုပ်၊ စာစောင်များကို ယနေ့နံနက် (၁၀) နာရီအချိန်က သွားရောက်ငှားရမ်းပေးခဲ့သည်။