မိုင်းဆတ်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု၊ ဆက်သွယ်ရေး ပြတ်တောက်မှု၊ လျှပ်စစ်မီးတိုင်များ ပြိုလဲမှုနှင့် တံတား ကျိုးခြင်းများ ဖြစ်ပေါ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ စက်တင်ဘာလ (၉)ရက်နေ့နှင့်(၁၀)ရက်နေ့တို့တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် စက်တင်ဘာလ ၁၀ရက်နေ့ နံနက်ပိုင်းမှစ၍ နမ့်ခုတ်ချောင်း၊ မယ် ဆွမ်ချောင်း၊ နမ့်ကျန်းချောင်း ရေကြီးမှုတို့ကြောင့် ရပ်ကွက်/ကျေးရွာအုပ်စု (၇)ခုတွင် တောင်သူ (၁၃၂)ဦး၏ မိုးစပါးစိုက်ဧရိယာ (၃၅၁) ဧကခန့် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ပြီး မိုင်းဆတ်မြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် ပြည်သူတို့၏ အိမ်များအတွင်းသို့ ရေများဝင်ရောက်ခဲ့ကြောင်းသိရသည်။