မြဝတီမြို့ခရိုင်၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရဲရင့်ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ်သင်တန်းတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များအနေဖြင့် စာဖတ်ရှိန် ပိုမိုမြင့်မားတိုးတက်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီက မြဝတီခရိုင် လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးဟောပြောပွဲနှင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပေးသည်။