နမ့်စန်(တ) မေ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၌ ဖွင့်လှစ်လျက်ရှိသော မြို့နယ်အဆင့်ကင်းထောက်သင်တန်းတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အန္တရာယ်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် ရာသီဥတုဖောက်ပြန်မှုများ၊ ပလတ်စတစ်ဆိုးကျိုး၊ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ် ‘ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး’ စသည်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး သင်တန်းသား သင်တန်းသူများက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကင်းထောက်သင်တန်း နည်းပြများနှင့် သင်တန်းသား သင်တန်းသူများ စုစုပေါင်း (၄၅) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းအောင်(နမ့်စန်)