ကော့သောင်းမြို့နယ် (၁၀) မိုင် ဥယျာဉ်ခြံတွင် ကြားသီးနှံ (ဝဥ၊ ငရုတ်ကောင်း၊ ဟင်းသီးဟင်းရွက်) စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲဆောင်ရွက်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၊ ကော့သောင်းမြို့နယ်၊ (၁၀)မိုင် စိုက်ပျိုးရေးဥယျာဉ်ခြံတွင် ကြားသီးနှံ (ဝဥ၊ ငရုတ်ကောင်း၊ ဟင်းသီးဟင်းရွက်) စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ရာ သရုပ်ပြပွဲသို့ ကော့သောင်း ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး၊ ပိုးမွှားထိန်းချုပ်ရေးစခန်း တာဝန်ခံ၊ ခြံဦးစီးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ၊ မြို့နယ်စာရင်းစစ်ဦးစီးမှူး၊ (၁၀)မိုင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ အကျိုးဆောင်တောင်သူများ တက်ရောက်ခဲ့ကြသည်။