တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို “ကမ္ဘာ့ဆရာများနေ့” အခမ်းအနားနှင့် မြတ်ဆရာ ပူဇော်ပွဲအခမ်းအနားသို့တက်ရောက်

“ပညာရပ်များပေါင်းစုဖွဲ့လို့ သင်ကြားရေးအသွင်သစ်ကိုဖော်ဆောင်စို့”ဟူသည့် ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး “၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားနှင့် မြတ်ဆရာပူဇော်ပွဲ” အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာဦးစွာအမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ဆရာဟူသည်”သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်သည်။

ပုလောမြို့ အမှတ်(၂၈၅)ခြေလျင်တပ်ရင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များနှင့် မိသားစုဝင်များကို မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများ အသိပညာပေး၍ လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ အမှတ်(၂၈၅)ခြေလျင်တပ်ရင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များနှင့် မိသားစုဝင်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများ အသိပညာပေးခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက အမှတ်(၂၈၅) ခြေလျင် တပ်ရင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းစုမြို့၌ ယခုနှစ်မိုးရာသီအတွင်း စိုက်ပျိုးခဲ့သော မိုးစပါးစံကွက်များ ရိတ်သိမ်း

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယခုနှစ်မိုးရွာသီအတွင်း စိုက်ပျိုးခဲ့သော မောင်းလှော်ကျေးရွာရှိ ကွင်းအမှတ်(၃၀၈/၆၉၀)၊ ဦးပိုင်အမှတ် (၁၆၀) တောင်သူ ဦးဝင်းနိုင်၏ မိုးစပါးစိုက်ဧက (၇)ဧကအား ယမန်နေ့ နံနက်ပိုင်းက မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

ကရသူရိမြို့၌ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှု

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများဖြစ်သော ပုံစံ (၁) ၊ (၁- က) များကို စက်တင်ဘာလ ၃၀ ရက်နေ့မှစတင်၍ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများတို့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေး ဦးစီးဌာနနှင့် နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ထားဝယ်)တို့ ပူးပေါင်းဖွင့်လှစ်သောအခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ (၂) ၌ ကျင်းပသည်။

မြိတ်မြို့၌ မဲဆန္ဒရှင်ပြည်သူများ နိုင်ငံသားအခွင့်အရေး မရှုံးဆုံးစေဖို့ ဆန္ဒမဲပေးနိုင်ရန် မဲစာရင်းကြေညာ

တနင်္သရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်များမှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် မဲဆန္ဒနယ်အသီးသီးအတွက် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ(၃၀)ရက်မှ စတင်၍ ပထမအကြိမ် ကြေညာထားရှိပြီး မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် မဲစာရင်းတွင် မိမိအမည်စာရင်းပါမပါ၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းမှု ရှိမရှိကို သွားရောက်ကြည့်ရှုနိုင်ပြီဖြစ်သည်။

ဘုတ်ပြင်းမြို့နယ်အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှု

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ များတွင် မဲဆန္ဒရှင် စာရင်းများဖြစ်သော ပုံစံ (၁) ၊ (၁- က) များကို စက်တင်ဘာလ ၃၀ ရက်နေ့မှစတင်၍ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက စိတ်ပါဝင်စားစွာလာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ကော့သောင်းခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ကော့သောင်းမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာမှုများအား လိုက်လံကြည့်ရှု

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများဖြစ်သော ပုံစံ(၁)၊ (၁-က)များကို စက်တင်ဘာ (၃၀)ရက်နေ့မှစ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ်အဖြစ် ကပ်ထားကြေညာလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကော့သောင်းခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ကော့သောင်းမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းကပ်ထား ကြေညာမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

မြိတ်မြို့တွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပပြီးမှုခင်းများ  စွမ်းစွမ်းတမံ ဖော်ထုတ်ဖမ်းဆီးခဲ့သော တပ်ဖွဲ့ဝင်များအား ဂုဏ်ပြု

(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အခမ်းအနားကို နိုင်ငံတဝှမ်းတွင် ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ပုလဲရတနာခန်းမတွင် ယမန်နေ့နံနက်(၉)နာရီက မြိတ်ခရိုင် ရဲတပ်ဖွဲ့မှ ကြီးမှူးကျင်းပခဲ့ပြီးမှုခင်းများ စွမ်းစွမ်းတမံဖော်ထုတ်ဖမ်းဆီးခဲ့သော ရဲတပ်ဖွဲ့ဝင်များ အား ဂုဏ်ပြု ချီးမြှင့်သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး