ထားဝယ်မြို့၌အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
“ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရေး၊ သုံးစွဲဘဏ္ဍာတိုးမြှင့်ပေး” ဟူသည့်ဆောင်ပုဒ်နှင့်အညီ ၂၀၂၅ ခုနှစ်၊ “အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့” အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၁၃ ရက်နေ့နံနက် ၉ နာရီက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့ မြို့တော်ခန်းမ (၁) ၌ကျင်းပခဲ့သည်။