မြိတ်မြို့တွင် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် စနစ်တကျ မဲပေးတတ်စေရန် ရည်ရွယ်၍ မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းက အ-ထ-က(၁) ပညာ့ဗိမာန်ခန်းမတွင် ပြုလုပ်ခဲ့သည်။