တနင်္သာရီတိုင်းဒေသကြီး

ဘုတ်ပြင်းမြို့၌ တန်ဆောင်မုန်းလပြည့်နေ့ ဆီမီးမျှောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် တန်ဆောင်မုန်းလပြည့်နေ့၌ ဘုတ်ပြင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှဦးဆောင်၍ ဘုတ်ပြင်း-အုန်းတော်ကမ်းတံတားအနီးရှိ ဘုတ်ပြင်းချောင်းအတွင်း၌ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ဆီမီးမျှောပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို ၁၃၈၇ ခုနှစ် ပန္နရသမအကြိမ် (၁၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ကြီးမှူးကျင်းပသည့် ၁၃၈၇ ခုနှစ် ပန္နရသမအကြိမ်(၁၅) ကြိမ် မြောက်စုပေါင်းကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အမှူးပြုသော ဖိတ်ကြားထားသော ဧည့်သည်တော်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကာ မင်္ဂလာဝိုင်းတော်အဖွဲ့က ထူးမခြားနား သီချင်းဖြင့် သီဆိုပူဇော်သည်။

မြိတ်မြို့တွင် တူယှဉ်နွှဲပျော် တန်ဆောင်တိုင်ပွဲတော်ကို မိုးပျံပူဖောင်းများနှင့် မီးပုံးပျံများ လွှတ်တင်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်းဖြင့် စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ တူယှဉ်နွှဲပျော် တန်ဆောင်တိုင်ပွဲတော်ကို မြိတ်ခရိုင် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေကော်မတီမှကြီးမှူး၍ ယမန်နေ့ ည‌နေ(၅)နာရီခွဲက ကမ်းနားလမ်းတွင် ရောင်စုံမီးအလှများဖြင့် မိုးပျံပူဖောင်းများနှင့် မီးပုံးပျံများ လွှတ်တင်ခြင်းနှင့် မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်းဖြင့် စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပသည်။

မြိတ်မြို့တွင် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် သတိပေးနှိုးဆော်ခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ရေပုန်းရပ်ကွက် ငြိမ်းချမ်းရေးရပ်တွင် တစ်အိမ်တက်ဆင်း မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခဲ့ကြသည်။

ထားဝယ်မြို့အတွင်း (၁၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပဒေသာပင် စည်ကားသိုက်မြိုက်စွာဖြင့် လှည့်လည်ပူဇော်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၁၃၈၇ခုနှစ်၊ (၁၅)ကြိမ်မြောက်စုပေါင်း မဟာဘုံကထိန်ပဒေသာပင် လှည့်လည်ပူဇော်ပွဲကိုယနေ့နံနက်ပိုင်က ထားဝယ်မြို့အတွင်းစည်ကား သိုက်မြိုက်စွာဖြင့် လှည့်လည်ပူဇော်ခံရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တနင်္သာရီတိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ စုပေါင်း သွေးလှူဒါန်းပွဲသို့တက်ရောက်

နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်သည့် (၃၇)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး/ခရိုင်/မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ ၉ နာရီက ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်နှင့်ပြင်ပလူနာဌာနအပေါ်ထပ်၊ အမျိုးသား သွေးလှူဘဏ်၌ကျင်းပသည်။

ကလိန်အောင်မြို့တွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့မဘောလုံးကွင်း၌ ယမန်နေ့ ညနေ ၃ နာရီက ကလိန်အောင်မြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ စုပေါင်း၍ အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပကြောင်း သိရသည်။

မြိတ်ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များ၏ (၁၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်၌ မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးကျင်းပသည့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များ၏ (၁၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာ(၁)ရက် နံနက်(၉) နာရီက  ဗုဒ္ဓသာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။

ကော့သောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက မဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းမကျန်ရှိစေရေးကွင်းဆင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနမှ တာဝန်ရှိသူများက မဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းမကျန်ရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ ၁၀ မိုင်ကျေးရွာအုပ်စု၊ ရွာလယ်ဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကော့သောင်းခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်‌/ကျေးအုပ်ချုပ်‌ရေးမှူးများနှင့်တွေ့ဆုံပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုသည် ကော့သောင်းခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဟံသာဝတီအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး