ကော့သောင်းမြို့၌ ရွာသာယာကျေးရွာ၊ခေတ်မီစံပြကျေးရွာ (Smart  Village) စီမံကိန်းထူထောင်ရေး အသိပညာပေး

ကော့သောင်း ဇန်နဝါရီ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကော့သောင်းမြို့တွင် ‌ကော့သောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၏ ပုလုံးတုံတုံးကျေးရွာအုပ်စု ရွာသာယာကျေးရွာ၌ ၂၀၂၅-၂၀၂၆ဘ‌ဏ္ဍာရေးနှစ် ခေတ်မီစံပြကျေးရွာ(Smart Village)ထူထောင်ရေး စီမံကိန်းအတွက် ရွာသာယာကျေးရွာတွင် ဇန်နဝါရီ၂၄ရက် နံနက်ပိုင်းက သက်ဆိုင် ရာဌာနများမှ ကဏ္ဍအလိုက်အသိပညာပေးဟောပြောသည်။

အသိပညာပေးဟောပြောပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့်က အမှာစကား ပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး၊ မြို့နယ်ဦးစီးမှူးနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မြေဩဇာအကြောင်းသိကောင်းစရာ၊ ရာဘာစိုက်ပျိုးပြုစုထိန်းသိမ်းနည်း အသိပညာပေးဆွေးနွေးသည်။ ယင်းနောက် မြို့နယ်ရဲတပ်ဖွဲ့မှူးက မှုခင်းကျဆင်းရေးအသိပညာပေးအကြောင်းအရာများ၊ မူးယစ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူးက စိတ်ကိုပြောင်းလဲစေတတ်သော မူးယစ်ဆေးဝါးများအကြောင်း၊ လူကုန်တားရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူးက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး‌အကြောင်းအရာများပြောကြားသည်။ ယင်းနောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများက မိမိတို့အသင်း၊ အဖွဲ့များ၏ ဆောင်ရွက်ချက်များနှင့် သိမှတ်ဖွယ်ရာများရှင်းလင်းပြောကြားပြီး မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သယံဇာတထိန်းသိမ်းရေးနှင့် ရေလုပ်သားအသိပညာပေး အကြောင်းအရာများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်ရေရှည်တည်တံ့ရေးအသိ‌ပညာပေးအကြောင်းအရာများအား ဟောပြောခဲ့ကြ ကြောင်း သိရသည်။

ဟောပြောပွဲအပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများသည် ရွာသာယာကျေးရွာတွင် ခေတ်မီစံပြကျေးရွာ(Smart  Village)ထူထောင်ရေး စီမံကိန်းအတွက် ကျေးလက်ဒေသဖွံ့ဖြိုး‌ ရေးဦးစီးဌာနမှဆောင်ရွက်ထားရှိမှုများအားလိုက်လံကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)