တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ် ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေး

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေနှင့်စပ်လျဉ်း၍ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဘုတ်ပြင်းမြို့  မြို့မဈေးကြီး မီးဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူပေါင်း၍ ယနေ့နံနက်က အောင်မင်္ဂလာရပ်ကွက်ရှိ မြို့မဈေးကြီးတွင် ပြုလုပ်သည်။

မြိတ်တက္ကသိုလ်တွင် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဈေးရောင်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာပဒေသာကပွဲ ကျင်းပ

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဈေးရောင်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာပဒေသာကပွဲကို တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်တွင် ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီး ဈေးရောင်းပွဲတော်ကို တက္ကသိုလ်ရင်ပြင်တွင် ကျင်းပသည်။

ကော့သောင်းပြည်သူ့ဆေးရုံကြီး၌ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များနှင့် သီလရှင်များအား ကျန်းမာရေးစစ်ဆေးပေး

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး၊ပြည်နယ်နှင့်ခရိုင်၊ မြို့နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံကြီးများတွင်  ကျန်းမာရေးစစ်ဆေးမှု (Medical Check up) ခံယူမည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှု အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းတွင် ကော့သောင်းမြို့ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးအခြေအနေများကို စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးသည်။

ဘုတ်ပြင်းမြို့  မြို့မဈေးကြီး မီးဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ မြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူပေါင်း၍ ယမန်နေ့နံနက်က အောင်မင်္ဂလာရပ်ကွက်ရှိ မြို့မဈေးကြီးတွင် ပြုလုပ်ခဲ့သည်။

ဘုတ်ပြင်းမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ဘုတ်ပြင်းမြို့နယ် ထောင်ခမက်ကျေးရွာအုပ်စု၊ တောင်ဒဂုံဆီအုန်းစိုက်ပျိုးရေးစီမံကိန်း အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေးဇုန်မန်နေဂျာနှင့်ကုမ္ပဏီဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

မြိတ်မြို့ ဆိပ်ငယ်ဈေးကြီးတွင် ဈေးမီးဘေးလုံခြုံရေး ပညာပေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

ပွင့်လင်းရာသီ ရောက်ရှိနေပြီဖြစ်၍ မီးသတိမူရေး၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ဆိပ်ငယ်ဈေးကြီးတွင် ဖေဖော်ဝါရီ (၈) ရက် နံနက်ပိုင်းက ဈေးမီးဘေးကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေး၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များမှ ဈေးသူဈေးသားများအား အသိပညာပေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ကြသည်။

ထားဝယ်မြို့ရှိ ကုန်တိုက်၊ mini Mart များအား အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် Mobile Lab Van ဖြင့် စစ်ဆေးပြီးစားသောက်ကုန်မှတ်တမ်းတင်ခြင်းအကြောင်း အသိပညာပေးဆွေးနွေး

တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အစာဆေးဝါးကော်မတီဝင်များနှင့်အတူ ယနေ့နံက်ပိုင်းတွင် ထားဝယ်မြို့ရှိကုန်တိုက်များ၌ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် Mobile Lab Van ဖြင့် စစ်ဆေးပြီး စားသောက်ကုန်မှတ်တမ်းတင်ခြင်းအကြောင်း အသိပညာပေးဆွေးနွေးသည်။

ကော့သောင်းမြို့တွင် စနေနေ့အပတ်စဉ် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်နယ်များစုပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း၌ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်ရှိ ဘိုးဘွားရိပ်သာတွင် စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့၌ သီးနှံများတွင် ဓာတုဓါတ်ကြွင်းရေးဆိုင်ရာ နည်းပညာပေး သင်တန်းဆွေးနွေးပွဲ ကျင်းပ

ကမ္ဘာ့ဈေးကွက်ဝင်သီးနှံများ ထုတ်လုပ်ရေးအတွက် သီးနှံများတွင် ဓာတုဓါတ်ကြွင်းလျှော့ချရေးဆိုင်ရာ နည်းပညာပေးသင်တန်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး