ကျေးလက်နေပြည်သူများအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာချင်းဆက် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် လင်မလိုကြီးကျေးရွာနှင့် သဲတန်းကြီးကျေးရွာတို့ကို ဆက်သွယ်ဖောက်လုပ်မည့် ကျေးရွာချင်းဆက် လင်မလိုကြီး-သဲတန်းကြီး မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းကို ကျပ်သန်း (၆၀၀) ကျော်ဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။