ကော့သောင်းမြို့၌ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်များဖြင့် စနစ်တကျမဲပေးတတ်စေရေး လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အောင်သုခရပ်ကွက်နှင့် ပိတောက်ရွှေဝါရပ်ကွက်တွင်လည်းကောင်း၊ နေ့လယ်ပိုင်းတွင် ရွှေဇင်ယော်ရပ်ကွက်နှင့် ရွှေဟင်္သာရပ်ကွက်တို့တွင် ပြုလုပ်ခဲ့သည်။