သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဒီရေတော သစ်ပင်စိုက်ပျိုးပွဲနှင့် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့ အခြေချ(ကော့သောင်း)မှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးဟန်လင်းအောင်၊ ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။