မကွေးတိုင်းဒေသကြီး

ပခုက္ကူမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများကို ဩဂုတ်လ ၁၅ ရက် နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ကြသည်။

နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး  မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာ၌ သဘာဝဓာတ်မြေဩဇာ (EM) ဘိုကာရှီပြုလုပ်ခြင်းနှင့် ပိုက်ဆံလျှော်မျိုးစေ့ပေးအပ်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက (EM) ဘိုကာရှီသဘာဝမြေဩဇာပြုလုပ်ခြင်းနှင့် ပိုက်ဆံလျှော်မျိုးစေ့ပေးအပ်ခြင်းကို ယမန်နေ့က အင်းကုန်းကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။

မင်းဘူး(စကု)မြို့နယ် တောင်မန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အခြေခံပညာဦးစီဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်းကာ တောင်မန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ယမန်နေ့နံနက် ၉ နာရီခွဲက စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှုးကျင်းပသည့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အခမ်းအနားကို ယနေ့နံနက် (၉)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌ ကျင်းပသည်။

ပွင့်ဖြူမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ အဆင်ပြေစေရန် ၁၁ ကေဗွီ ဓာတ်အားလိုင်း တိုးချဲ့တည်‌ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ပြည်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲမှု အဆင်ပြေစေရန်နှင့် ဓာတ်အားဖြန့်ဖြူးခြင်းလုပ်ငန်းများ အဆင်ပြေစေရန်ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ၁၁ ကေဗွီ ဓာတ်အားလိုင်း တိုးချဲ့တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့၌ စာဖတ်ခြင်းအကျိုးကျေးဇူး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်/စာစောင်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စာပေဖတ်ရှုသည့် အလေ့အထရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်းကို သိရှိစေရန်ရည်ရွယ်၍ စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်/စာစောင်ပြပွဲကို ယမန်နေ့နေ့လယ်က သဖန်းချောင်းကျေးရွာ အောင်သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သရက်မြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ် လူငယ်များ ဗလ(၅)တန်ဖွံ့ဖြိုးဖို့ ကျန်းမာရေးမြှင့်တင်စို့ အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေစစ်ဆေးခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် လူငယ်များ ဗလ(၅)တန်ဖွံ့ဖြိုးဖို့ ကျန်းမာရေးမြှင့်တင်စို့ အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက (အ.မ.က) ပြည်တော်အေးမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

အောင်လံမြို့၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပါတ်လှုပ်ရှားမှုအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပါတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အောင်လံမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆိပ်ဖြူမြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား U-14 အသက်(၁၄)နှစ်အောက် မူလတန်း/အလယ်တန်းအဆင့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ U-14 အသက်(၁၄)နှစ်အောက် မူလတန်း/အလယ်တန်းအဆင့်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၇)နာရီက ကျင်းပသည်။
Subscribe to မကွေးတိုင်းဒေသကြီး