မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းအား ကျပ်သန်းပေါင်း (၇၇၀၀) ကျော် အသုံးပြု၍ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းအား ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း (၇၇၀၀) ကျော် အသုံးပြု၍ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးလမ်းဦးစီးဌာနမှ သိရသည်။