မကွေးတိုင်းဒေသကြီး

စလင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေ ကျေးရွာအုပ်စု(၁၄)အုပ်စုမှ တောင်သူ(၅၈၂)ဦးတို့အား ချေးငွေ(၃၆၇၈)သိန်း ထုတ်ချေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယခင်နှစ်စိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်ပေးဆပ်ပေးသွင်းသူ တောင်သူများအား ယမန်နေ့နံနက်ပိုင်းမှ နေ့လယ် ၂ နာရီအချိန်အထိ ဒါးဆွယ်ကန်အုပ် စုနှင့် သရက်ကုန်းကျေးရွာအုပ်စုမှ တောင်သူများအား ချေးငွေထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ဆောင်ရွက်သည်။

ငဖဲမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးနည်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ မြို့ပြနှင့် သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန် အမှိုက်များကို အမျိုးအစားခွဲခြား၍ စနစ်တကျ စွန့်ပစ်တတ်စေရန် အသိပညာပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပြနှင့် သဘာဝပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရန် ပြည်သူများအနေဖြင့် အမှိုက်များကို စွန့်ပစ်ရာ၌ အမျိုးအစားခွဲခြား၍ စနစ်တကျစွန့်ပစ်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြို့မစည်ပင်သာယာဈေး၊ စာသင်ကျောင်းများနှင့် မြို့တွင်းလမ်းဆုံလမ်းခွနေရာများတွင် အမှိုက်အမျိုးအစားခွဲခြား၍ အမှိုက်စွန့်ပစ်နည်း အသိပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်၌ အသားငါးစျေးနှုန်း မြှင့်တင်ရောင်းချမှုမရှိစေရေး တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ မြို့နယ်စည်ပင်သာယာစျေးနှင့် ဒက္ခိဏစျေးအတွင်း ရောင်းချလျက်ရှိသည့် အသားငါးစျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် တာဝန်ရှိသူများက ယနေ့နံနက်(၈)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစမ်းသပ်စစ်‌ဆေးကုသပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို‌ ယနေ့နံနက်(၉)နာရီခွဲက စေတုတ္တရာမြို့နယ် မိခင်နှင့်က‌လေးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့၌ သဘာဝဘေးအန္တရာယ် အသိပညာပေးဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ သဘာဝဘေးအန္တရာယ်အသိပညာပေး ဉာဏ်စမ်းပြိုင်ပွဲကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်ခဲ့သည်။

စေတုတ္တရာမြို့ အမှတ်(၂)ရပ်ကွက်၌ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့ အမှတ်(၂)ရပ်ကွက်၌ ပြည်သူများအား  မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က တောင်ခတ္တရာဓဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။

မင်းဘူးမြို့ ခ.လ.ရ (၈၈) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခ.လ.ရ (၈၈) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) တပ်မြေတို့ပူးပေါင်း၍ ကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများနှင့် အငြိမ်းစားဝန်ထမ်းများအား အခမဲ့ဆေးကုသပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများနှင့် အငြိမ်းစားဝန်ထမ်းများအား ဆီးချိုသွေးချို၊ သွေးတိုးနှင့် နှလုံးရောဂါများ စစ်ဆေးပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် အခမဲ့ စမ်းသပ်စစ်ဆေးကုသပေးခဲ့ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး