တောင်တွင်းကြီးမြို့၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုသိုလ်ပြုလုပ်ငန်းများ ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ကုသိုလ်ပြုလုပ်ငန်းများအဖြစ် ဘုရားရေသပ္ပါယ်ခြင်းနှင့် ရင်ပြင်တော်သန့်ရှင်းရေးလုပ်ငန်းများကို ယမန်နေ့ညနေ(၄)နာရီအချိန်က တောင်တွင်းကြီးမြို့ တောင်ပြင်(၂)ရပ်ကွက်ရှိ ရွှေမော်ဓောပရိယတ္တိစာသင်ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်သည့် ရွှေမော်ဓောစေတီတော် ဘုရားပရိဝုဏ်အတွင်း၌ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။