ပွင့်ဖြူမြို့နယ်တွင် ကန်ထရိုက်လယ်ယာစနစ်ဖြင့် စိုက်ပျိုးသည့် ရေသွင်းနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်နွေသီးနှံစိုက်ပျိုးရာသီ၌ အရည်အသွေးမြင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)မှ ဦးဆောင်ပြီး စိုက်ပျိုးရေးကုမ္ပဏီများနှင့် ဒေသခံတောင်သူများ ပူးပေါင်းကာ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ရေသွင်းနှမ်းများ စိုက်ပျိုးဆောင်ရွက်ထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။