စလင်းမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေး

စလင်း ဇွန်၂၃

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားနိုင်ငံဝန်ထမ်းပင်စင်စားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်(၇)နာရီအချိန်မှ စတင်ကာ  မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထုတ်ပေးလျက်ရှိရာတွင် အငြိမ်းစားပင်စင်စားများ၏လစာငွေများကို အခက်အခဲမရှိထုတ်ယူနိုင်ရေးအတွက် မြို့နယ်ဘဏ်မန်နေဂျာကြီးကြပ်မှုဖြင့် ဘဏ်ဝန်ထမ်းများကကူညီဆောင်ရွက်ပေးလျက်ရှိရာ စလင်းမြို့နယ်တွင် ပင်စင်စားဦးရေ  စုစုပေါင်း(၂၆၀၀)ကျော်ရှိပြီး ယနေ့နံနက်ပိုင်း ဘဏ်ငွေထုတ်ကတ်များကိုကိုင်ဆောင်၍  စနစ်တကျအလှည့်ကျထုတ်ယူနိုင်ကြစေရန်စီစဥ်ဆောင်ရွက်ထားရှိပြီး ပထမနေ့၊ ယနေ့ဇွန်လ(၂၃)ရက်နေ့တွင် ပင်စင်ထုတ်ယူသူဦးရေ(၇၅၀)ဦးရှိပြီး စလင်းမြို့နယ်သည် ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၁၁၀)ရှိ၍ ပင်စင်ထုတ်ယူသူဦးရေများပြားသဖြင့် အုပ်စုခွဲ၍ထုတ်ပေးလျက်ရှိရာ ပင်စင်စားများအနေဖြင့်ဇွန်လ(၂၃)ရက်နေ့မှ၊ ဇွန်လ(၃၀)ရက်နေ့လည်(၂)နာရီအချိန်အထိထုတ်ပေးသွားမည်ဖြစ်သည်။ မြို့နယ်အတွင်းရှိ ပင်စင်ထုတ်ယူရန်ကျန်ရှိနေသေးသည့် ပင်စင်စားများကိုလဲအစိုးရရုံးဖွင့်ရက်များတွင် ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း စလင်းမြို့နယ်ဘဏ်မန်နေဂျာ ဒေါ်မီမီအောင်ထံမှ  သိရသည်။ 

မောင်လွင်(စလင်း)