မင်းဘူးမြို့၌ ဧရာဝတီမြစ်ရေ သိသိသာသာတိုးမြင့်နေပြီး ရေအမှတ် ၁၃၆၂ စင်တီမီတာသို့ ရောက်ရှိ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ယခုရက်ပိုင်း ဧရာဝတီမြစ်ရေ သိသိသာသာတိုးမြင့်လျက်ရှိပြီး ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မင်းဘူးမြို့၌ ဧရာဝတီမြစ်ရေအမှတ်သည် ၁၃၆၂ စင်တီမီတာသို့ရောက်ရှိနေပြီဖြစ်ကြောင်း မြို့နယ်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။