မကွေးတိုင်းဒေသကြီး

ပွင့်ဖြူမြို့နယ် ကျွန်းပင်စင်ကျေးရွာ၌ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ရာသီဥတုဂေဟစနစ်များ ကောင်းမွန်စေရန်နှင့် ဒေသခံပြည်သူများအတွက် ကျန်းမာသန့်ရှင်းပြီး ဘေးကင်းလုံခြုံသော လူနေမှုပတ်ဝန်းကျင် ဖန်တီးပေးနိုင်ရန်အတွက်ရည်ရွယ်၍ ဇီးကိုင်းကျေးရွာအုပ်စု၊ ကျွန်းပင်စင်ကျေးရွာ၌ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးတင့်လွင် ရောနှောဆီထုတ်လုပ်ရောင်းချနိုင်ရန် FDA ထောက်ခံချက်ရရှိရေးနှင့် ဆီစက်ဖွံ့ဖြိုးရေးချေးငွေ၊ MSME ချေးငွေဆိုင်ရာသိ‌ကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ တက်ရောက်

ရောနှောဆီထုတ်လုပ်ရောင်းချနိုင်ရန် FDA ထောက်ခံချက်ရရှိရေးနှင့် ဆီစက်ဖွံ့ဖြိုးရေးငွေ၊ MSME ချေးငွေဆိုင်ရာသိ‌ကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်‌နေ့ မွန်းလွဲပိုင်းက မကွေးမြို့နယ် စုပေါင်းရုံးခန်းမတွင်ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင့်နှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိများ၊ ဆီစက်၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် MSME စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

မင်းဘူး(စကု)မြို့နယ်၌ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်မှ ပြည်သူများ ဧရာဝတီမြစ်ရေ မြင့်တက်လာသည့်အတွက် ရေဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းလုပ်ငန်းကို  ယမန်နေ့ နံနက်ပိုင်းက နှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။  

ပွင့်ဖြူမြို့နယ် ရွှေဘိုကျေးရွာ၌ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း( Smart Village )  မိတ်ဆက်ရှင်းလင်းခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ရွှေဘိုကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဝင် ဖွဲ့စည်းဆောင်ရွက်ခြင်းကို ယမန်နေ့က အဆိုပါ ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)နှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျင်းပခဲ့သည်။

ပခုက္ကူမြို့၊ သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၏ (၉၀၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် ဆွမ်းတော်ကြီး ၁၄၆၀ လုံး လောင်းလှူပွဲ ကျင်းပ 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရှေးဟောင်းသမိုင်းဝင်သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၏ (၉၀၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် ဆွမ်းတော်ကြီး ၁၄၆၀ လုံး လောင်းလှူပွဲကို ယနေ့နံနက် ၅ နာရီအချိန်က ကျင်းပပြုလုပ်သည်။

နတ်မောက်မြို့နယ်၌  စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌  စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)တွင် ကျင်းပခဲ့သည်။

မြို့သစ်မြို့နယ်တွင် သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပြည်သူများသဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိစေရန်အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့နံနက် ၈ နာရီက ​မြို့ပေါ်ရပ်ကွက်များသို့သွားရောက်၍ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်၍ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်၌ ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေး ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းများ ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးက မိုးရာသီကာတွင် ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝ စွာသုံးစွဲခွင့် ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးဆောင်သော လိုင်းတာဝန်ခံများနှင့် ဝန်ထမ်းများအဖွဲ့က မြို့သစ်မြို့နယ်၊ ကံကြီးဓာတ်အားခွဲစက်ရုံမှ လျှပ်စစ်ဓာတ်အား ရယူအသုံးပြုသော ၃၃ ကေဗွီ မြို့သစ် ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းသွားရောက်ပြီး ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်ရေးပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်ရုံးရှေ့မြေစိုက်ဘုတ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ပြသ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက် ၁၀ နာရီက ပြသဆောင်ရွက်သည်။
Subscribe to မကွေးတိုင်းဒေသကြီး