နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်၌ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်း၏ငယ်ဘဝ ဖြစ်စဥ်များမှ နိုင်ငံရေး ကြိုးပမ်းလှုပ်ရှားမှုအထိ မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသ
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထူးပြခန်းအဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘဝဖြစ်စဉ်များမှစ၍ နိုင်ငံရေးကြိုးပမ်းလှုပ်ရှားမှုအထိ မှတ်တမ်းဓာတ်ပုံများကို ယနေ့တွင် ခင်းကျင်းပြသရာ လာရောက်ကြည့်ရှုကြသည့် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။