ချောက်မြို့နယ်၌ ရေဘေးရှောင်ပြည်သူ(၁၂၉)ဦးအား ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများ ပေးအပ်
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်သည့် အိမ်ထောင်စုများမှ ရေဘေးရှောင်ပြည်သူ(၁၂၉)ဦးအတွက် နိုင်ငံတော်မှထောက်ပံ့သည့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် (၆၄၅၀၀၀)ပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၂ နာရီခွဲအချိန်က ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။