မကွေးတိုင်းဒေသကြီး

မင်းဘူးမြို့၌ ကြိုတင်မဲပေးသည့်နေရာ မဲပေးစက်ထားရှိသည့်နေရာများနှင့် မဲရုံအနီးပတ်ဝန်းကျင် မီးဘေးလုံခြုံရေး စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းရန် ကြိုတင်မဲပေးသည့်နေရာ၊ မဲပေးစက်ထားရှိသည့်နေရာများနှင့် မဲရုံအနီး ပတ်ဝန်းကျင်နေရာများ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့က သတ်မှတ်နေရာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင်၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်ရေး၊ အသက်(၁၈)နှစ်ပြည့်ပြီးသည့် ပြည်သူအားလုံးပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်ဘုတ်၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် နောက်ဆုံးအကြိမ် မဲစာရင်းများကပ်ထားကြေညာ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယနေ့နံနက် ၇ နာရီမှစတင်၍ တတိယအကြိမ်(နောက်ဆုံးအကြိမ်)အဖြစ် မဲစာရင်းများကပ်ထား ကြေညာထား ရှိပြီးဖြစ်သည်။

အောင်လံမြို့နယ်တွင် မဲရုံများဖွင့်လှစ်ရန် လျာထားသည့်နေရာများအား တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈  ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများဖွင့်လှစ်ရန် လျာထားသည့်နေရာများအား ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ တာဝန်ရှိသူများမှ လိုက်လံစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်၌ စာဖတ်ဝိုင်းကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောင်းသား၊ ကျောင်းသူများပူးပေါင်းကာ စာရေးဆရာအောင်သင်း ရေးသားသည့် “ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့ နေ့လယ်(၃)နာရီအချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စေတုတ္တရာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြုလုပ်ခဲ့သည်။

မြို့သစ်မြို့နယ်၌ “ခရမ်းချဉ်သီး” စျေး တစ်ပိဿာ (၆၀၀၀) ကျပ် စျေးရောင်းချရ၍ ရောင်းချသူများ အဆင်ပြေလာ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲ များသာမက ရာသီအလိုက်ကာလတို/ကာလရှည် သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရောင်းချချိန် ခရမ်းချဉ်သီးဈေးနှုန်းများ အနည်းငယ်ပြန်တက်လာကြောင်း စိုက်ပျိုးရောင်းချသူများထံက သိရသည်။

ပခုက္ကူမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဆိုင်ရာအသိပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ မြင်သာဘုမ္မရပ်ရှိ၊ ပါကဋတ္တကာရီဘုမ္မကျောင်းတိုက် (ဓမ္မာရုံ) ၌ ဒီဇင်ဘာလ ၂၂ရက် မွန်းလွဲ ၃နာရီအချိန်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ အဆိုပါကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များ၊ ရပ်‌ကွက်နေပြည်သူများ တက်ရောက်ကြသည်။

စေတုတ္တရာမြို့နယ် မဲဆန္ဒနယ်တွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာရန်အတွက် မဲစာရင်းပြည့်စုံမှန်ကန်မှုရှိစေရေး တိုက်ဆိုင်စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တတိယအကြိမ် မဲဆန္ဒရှင် စာရင်းကပ်ထားကြေညာရန် မဲစာရင်းပြည့်စုံမှန်ကန်မှုရှိစေရေး တိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ် (၃) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ချောက်မြို့နယ်တွင် ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့် ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မဲရုံတာဝန်ကျ ဆရာ၊ ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မဲရုံလုံခြုံ‌ရေး တာဝန်ကျသည့်သူများသည် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကြိုတင်ဆန္ဒမဲပေးခဲ့‌ကြောင်း သိရသည်။

ငဖဲမြို့နယ် ဇင်ပြွန်း၊ စာတတ်ကူနှင့် ပဒါန်းကျေးရွာ(၃)ရွာ မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သော မင်းဘူးခရိုင် ငဖဲမြို့နယ် ဇင်ပြွန်း၊ စာတတ်ကူနှင့် ပဒါန်းကျေးရွာ ၃ ရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က ပဒါန်းကျေးရွာ ပဒါန်း-မင်းဘူးကားလမ်းဘေး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။
Subscribe to မကွေးတိုင်းဒေသကြီး