မကွေးမြို့၌ အခြေခံပညာမူလတန်းပြ ဆရာ၊ ဆရာမများ အင်္ဂလိပ်စာအရည်အသွေးတိုးတက်မှုမြှင့်တင်ရေး (Main Course) သင်တန်းဆင်းပွဲကျင်းပ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တွင် အခြေခံပညာမူလတန်းပြဆရာ၊ ဆရာမ များအား အင်္ဂလိပ်စာအရည်အသွေး တိုးတက်မြင့်မားရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အင်္ဂလိပ်စာ အရည်အသွေးမြှင့်တင်ရေးသင်တန်း (Main Course) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉:၀၀) နာရီက မကွေးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းပန်းဟေဝန်ခန်းမ၌ကျင်းပရာ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။