မကွေးတိုင်းဒေသကြီး

ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲပြုလုပ်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (ဖလံရုံ)၌ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြော

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်  အခြေခံပညာအလယ်တန်းကျောင်း (ဖလံရုံ)၌ ခရိုင်/မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူပေါင်းကာ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်၌ စီမံကိန်းရေးစွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ စီမံကိန်းရေးစွဲအကောင်အထည်ဖော်ရေးကော်မတီ ကြီးမှူး၍ စီမံကိန်းရေးစွဲအကောင်အထည်ဖော်ရေးကောမတီ၏ ပထမ (၃)လပတ်စီမံကိန်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး​ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အနန္တစေတနာဖောင်ဒေးရှင်း(ရန်ကုန်)၏ စက္ခုအလင်းဒါနကုသိုလ်ပြုအစီအစဉ်ဖြင့် မျက်စိအတွင်းတိမ်လူနာများအား ဒုတိယအကြိမ် ခွဲစိတ်ကုသမှု အောင်ပွဲအခမ်းအနားသို့ တက်ရောက်

အနန္တစေတနာဖောင်ဒေးရှင်း(ရန်ကုန်)၏ စက္ခုအလင်းဒါနကုသိုလ်ပြုအစီအစဉ်ဖြင့် မျက်စိအတွင်းတိမ်လူနာများအား ဒုတိယအကြိမ် ခွဲစိတ်ကုသမှု အောင်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းပြည်သူ့ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ကျင်းပရာ သဲဖြူဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တ ပညာဇောတ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ အနန္တစေတနာဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ သင်ကြားရေးဆေးရုံကြီး(မကွေး)၊ ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့နှင့် ပြည်သူ့ဆေးရုံကြီး၊ မင်းဘူးမြို့တို့မှ ဆေးရုံအုပ်ကြီးများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။        

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မကွေးတိုင်းဒေသကြီး အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မကွေးတိုင်းဒေသကြီး အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်လွင်၊ မကွေးတပ်နယ်မှ ဗိုလ်ချုပ်သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများ၊ ပါဝင်ယှဉ်ပြိုင်မည့် ကစားသမားများနှင့် အုပ်ချုပ်သူ/နည်းပြများ၊ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ၊ အသိပညာ‌ပေး ဆွေးဆွေးနွေးပွဲကို၊ ယနေ့နံနက်(၉)နာရီခွဲအချိန်က၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ပတ္တမြားအစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပခုက္ကူမြို့၌ ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးနံရံကပ်စာစောင် ပြသ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရေးရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၁ နာရီအချိန်က ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးနံရံစာစောင် ပြသခဲ့သည်။

ပခုက္ကူမြို့၌ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိပြည်သူများ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေးလုပ်ငန်းစဉ်များ နားလည်သိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြသည်။

မင်းဘူး(စကု)မြို့နယ်ရှိ ပင်စင်စား နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID ကတ်များ ပြုလုပ်ပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ပင်စင်စား နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက် UID (Unique Identity)ကတ်များ ပြုလုပ်ပေးကို ယနေ့နံနက် ၁၁ နာရီအချိန်က မင်းဘူးမြို့ မြန်မာ့စီးပွားရေးဘဏ်၌ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်၌ ရေဘေးနှင့် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်တွင် နေထိုင်ကြသည့် ပြည်သူများ ရေဘေးနှင့် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့ညနေပိုင်းက ညောင်လှကမ်းနားရပ်နှင့် ဆားတိုင်ဆိပ်ကမ်းတို့တွင် ရေဘေးအသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး