မကွေးတိုင်းဒေသကြီး

ချောက်မြို့ အ.ထ.က(၁)ကျောင်း၌ ကျောင်းအခြေပြု သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများအား ကျောင်းအခြေပြုသဘာဝဘေးအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်၉နာရီအချိန်က အ.ထ.က(၁)ကျောင်း မြရိပ်ညိုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့၌ စားသုံးသူပြည်သူများအတွက် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းစေရေးကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ စားသုံးပြည်သူများအတွက် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ယုံကြည်စိတ်ချစွာဝယ်ယူစားသုံးနိုင်စေရေးရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များအား  ယနေ့နံနက်၁၀နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။

ငဖဲမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးအတွက် ကော်ဖီမျိုးစေ့နှင့်ပျိုးပင်ပေးအပ်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးအတွက် ကော်ဖီမျိုးစေ့နှင့်ပျိုးပင်များပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

အညာဒေသ၏ ပြယုဂ်သဖွယ်တည်ရှိနေသည့် ထန်းတောများ

ထန်းပင်သည် အပူပိုင်းဒေသတွင်သာအများဆုံးတွေ့ရ၍ ပင်စည် ၃၀/၄၀ လက်မကြား၊ အမြင့် ၇၀/၈၀ ပေရှိပြီး ကမ္ဘာပေါ်တွင်အပူပိုင်းဒေသများဖြစ်သော အာဖရိကတိုက်၊ အာရှတိုက်၊ အမေရိကတိုက်နှင့်   ပစိဖိတ်သမုဒ္ဒရာအတွင်းရှိကျွန်းများတွင်တွေ့နိုင်သည်။ထန်းပင်ဟုပြောလိုက်ပါက လူတိုင်းသိကြသည်။

ဂုဏ်ယူဖွယ်ရာ မြန်မာအမျိုးသမီးတို့၏ ဂုဏ်ရည်များ

မြန်မာအမျိုးသမီးများသည် ခေတ်အဆက်ဆက်တွင် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာကောင်းများကို မြတ်နိုးစွာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။ ထိုသို့ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသော မြန်မာအမျိုးသမီးများ၏ ဆောင်ရွက်ချက်များကို ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့သော စာပေများတွင်လည်း အထင်အရှားတွေ့မြင်ကြသည်။

မင်းဘူး(စကု)မြို့နယ်၌ နွေစပါးအောင်နိုင်တိုးစပါးမျိုး အကွက်ကျယ်စံပြကွက်ရိတ်သိမ်း တစ်ဧက စပါးအစိုတင်း ၁၄၀ ကျော်ထွက်ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ကမ်းနီဆိုလာလျှပ်စစ်မြစ်ရေတင်လုပ်ငန်းစီမံကိန်းဧရိယာအတွင်း စိုက်ပျိုးထားသောနွေစပါးအောင်နိုင်တိုးစပါးမျိုး အကွက်ကျယ်စံပြကွက်ရိတ်သိမ်းခြင်းကို ဇွန်လ ၂၁ ရက် နံနက်ပိုင်းက ထိန်တောကျေးရွာ၌ ဆောင်ရွက်ခဲ့ရာ တစ်ဧကပျမ်းမျှအထွက်နှုန်း စပါးအစို  တင်း ၁၄၀ ကျော် ထွက်ရှိခဲ့ကြောင်းသိရသည်။

မင်းလှမြို့တွင် ဓမ္မစကူးလ်ကျောင်းတော်အတန်းပြီးဆုံးခြင်းအောင် လက်မှတ်ပေးအပ်ခြင်းနှင့် ဖွင့်ပွဲအခမ်းအနားပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့၊ အမှတ်(၇)ရပ်ကွက်၊ ဇေယျာမဂ္ဂဘုန်းတော်ကြီးကျောင်းတိုက်၌ ဓမ္မစကူးလ်ကျောင်းတော်အတန်းပြီးဆုံးခြင်း အောင်လက်မှတ်ပေးအပ်ခြင်းနှင့် ဖွင့်ပွဲအခမ်းအနားပြုလုပ်ခြင်းကို  ဇွန်လ ၂၂ နံနက် ၈ နာရီချိန်က ကျင်းပခဲ့သည်။

စလင်းမြို့နယ်တွင်ကျန်းမာရေးချို့တဲ့သူဝေဒနာရှင်များအား ဇွန်လဒုတိယပတ်(အခမဲ့) ဒို့မေတ္တဆေးခန်းမှ ကျန်းမာရေးစောင့်ရှောက်မှုပေး

မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  စလင်းမြို့  ပုထိုးဖြူရပ်ကွက် ငွေတောင်ဦးကျောင်း  ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုးကျန်းမာရေးနှင့်နာရေးကူညီမှုအသင်းမှ ယမန်နေ့   နံနက်ပိုင်းမှစတင်ကာ နေ့လည်(၁)နာရီအချိန်အထိ ရပ်ဝေးရပ်နီးမှရဟန်းရှင်လူ  ပြည်သူများအား  ဇွန်လဒုတိယပတ် ဆေးကုသပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သံကိုင်းကျေးရွာ၌ (၁၁)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အောင်လံမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေး သရုပ်ပြပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးသရုပ်ပြပွဲကို ဇွန်လ ၂၀ ရက်နေ့က အောင်လံမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး