မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင့်လွင် မင်းလှမြို့နယ်တွင် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) ထယ်ထိုးမြှုပ်နှံခြင်းသရုပ်ပြပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) ထယ်ထိုးမြှုပ်ပ်နှံခြင်းသရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၁၂ နာရီက ရုံးရပ်တောင်ပိုင်းရပ်ကွက်ရှိ တောင်သူ ဦးမြင့်ကိုကို၏ စိုက်ခင်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး ၀န်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ဖိတ်ကြားထားသည့် တောင်သူများ တက်ရောက်ကြသည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မင်းလှမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၏ နွေရာသီဘင်ခရာသင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှ‌မြို့အခြေခံပညာအထက်တန်းကျောင်း၏ နွေရာသီ ဘင်ခရာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မင်းလှမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒသကြီး ၀န်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာတာ၀န်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ငဖဲမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ ဖြေဆိုအောင်မြင်မှု ၃၉ ဒဿမ ၇၃ ရာခိုင်နှုန်းအောင်မြင်

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန် ကြေညာခြင်းကို ယနေ့နံနက် ၆ နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် ထုတ်ပြန်ကြေညာပေးထားကြောင်း ငဖဲမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ၃၅.၁၅ ရာခိုင်နှုန်းအောင်မြင်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် မတ်လ၌ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန (၃) ခုမှ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုအောင်မြင်သူများအား ယနေ့နံနက်ပိုင်းက အ-ထ-က(ဆင်ပေါင်ဝဲ)နှင့် စာစစ်ဌာနအသီးသီးတွင်ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း  ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးနှင့် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ယမန်နေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေး၊ တံတားတည်ဆောက်ရေးအဖွဲ့(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ဇော်မင်း၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီအေးခိုင်တို့က မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ယမန်နေ့နေ့လယ် ၁ နာရီခွဲအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဂန့်ဂေါမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (Clean & Green School) အဖြစ် စိစစ်ရွေးချယ်နိုင်ရေး တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် သန့်ရှင်းသပ်ရပ်၍ စိမ်းလန်းစိုပြည်သောကျောင်း(Clean & Green School) အဖြစ် စိစစ်ရွေးချယ်နိုင်ရေးအတွက် ခရိုင်/မြို့နယ် ပညာရေးမှူးရုံးမှတာဝန်ရှိသူများနှင့် စိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်များသည် ဇူလိုင်လ(၂၅)ရက်နံနက် ၈ နာရီအချိန်က ဂန့်ဂေါမြို့ပေါ်ရှိအခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်း(၆) ကျောင်းသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ ကြသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားတက်ရောက်

ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများအား ဩဝါဒစကားပြောကြားခြင်းနှင့် အောင်နိုင်ရေးအလံ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ မကွေးတိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အားကစား အောင်နိုင်ရေးကော်မတီ အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီး ပိုက်ကျော်ခြင်းအသင်းမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ တက်ရောက်သည်။

ဖရုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ အမျိုးသား ယဉ်ကျေးမှုစရိုက်လက္ခဏာများ ထိန်းသိမ်း စောင့်ရှောက်ရေး အသိပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဥပဒေရုံးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေး ဟောပြောပွဲကို ဖလုံရုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၌ ဒူးရင်းသီးဝယ်ယူစားသုံးသူများပြားခြင်းကြောင့် ရောင်းအားကောင်းလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချသည့် ဒူးရင်းသီးများအား ဝယ်ယူစားသုံးသည့် ဒေသခံပြည်သူများပြားခြင်းကြောင့် ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး