ပွင့်ဖြူမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Biometric အချက်အလက်နှင့် UID နံပါတ် ထုတ်ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေး
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများ ပင်စင်ထုတ်ယူရာတွင် ပိုမိုလျင်မြန်လွယ်ကူစွာ ထုတ်ယူနိုင်စေရေး၊ လစာ လိမ်လည်ထုတ်ယူခြင်းများမှ ကင်းဝေးစေရေး၊ လူပုဂ္ဂိုလ်မှန်ကန်မှု ရှိ/မရှိ စိစစ်နိုင်ရေးတို့အတွက် UID Smart Card များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။