မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဆေးတက္ကသိုလ်(မကွေး) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီး မကွေးမြို့ ဆေးတက္ကသိုလ်(မကွေး) မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းက အဆိုပါ တက္ကသိုလ် ဘွဲ့နှင်းခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ အဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူး၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆေးတက္ကသိုလ်(မကွေး) ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သစ်လွင်မောင်မယ်များ တက်ရောက်ခဲ့ကြသည်။

နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး "သတ်ပုံအမှန်ရွေးကြမယ်"ပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး သတ်ပုံအ မှန်ရွေးကြမယ်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

စေတုတ္တရာမြို့နယ်တွင် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ (၁၂)ရက်တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များပြသဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်း ၁၀ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့သည်။

ရေနံချောင်းမြို့၌ မီးဘေးလုံခြုံရေး တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ပွင့်လင်းရာသီရောက်ရှိလာချိန်တွင် မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး မြို့နယ်မီးသတ်ဦးစီးဌာနက ယနေ့နံနက် ၉ နာရီတွင် မြို့မတောင်ရပ်ကွက်သို့သွားရောက်၍ မီးဘေးကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် အသိပညာပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ပတ္တမြားဈေး၌ ယမန်နေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။

ပခုက္ကူတက္ကသိုလ်၌ (၂၁) ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ (၂၁) ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက် နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဝင်များ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများတက်ရောက်ကြသည်။

မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအဆင့် (ကျောင်းတွင်းစစ်) နှစ်ဆုံးစာမေးပွဲ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် အခြေခံပညာအဆင့်(ကျောင်းတွင်းစစ်) နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူပေါင်း ၅၁၄၃၆ ဦးက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ချောက်မြို့မ​စျေး၌ မီး​ဘေးကြိုတင်ကာကွယ်​ရေး စစ်​ဆေး​​ခြင်းနှင့် မီးငြှမ်းသတ်လက်‌တွေ့ သရုပ်ပြသ

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ​ချောက်မြို့မ​စျေးကြီးတွင် မီး​ဘေးကြိုတင်ကာကွယ်​ရေး စစ်ဆေး​ခြင်းများနှင့် မီးငြှိမ်းသတ်လက်‌တွေ့ သရုပ်ပြသခြင်းကို မြို့နယ်ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်း ဦးဆောင်၍  မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး‌‌ ဒေါ်မြတ်မြတ်သင်းနှင့် အဖွဲ့ဝင်များ၊ စျေးတာဝန်ခံ ဦးရဲကြည်​ဆွေနှင့် ​စျေးကော်မတီဝင်များ၊​ စျေးဝန်ထမ်းများပူးပေါင်း၍ ယနေ့နံနက် (၉)နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မ‌ကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ကွန်ပျူတာတက္ကသိုလ်(မကွေး) (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အကြို‌လေ့ကျင့်ခြင်းအခမ်းအနားသို့ တက်ရောက်

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ကွန်ပျူတာတက္ကသိုလ်(မကွေး)၏ (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား အကြို‌လေ့ကျင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ်(မကွေး) ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်‌မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် သိပ္ပံကျောင်းများမှပါမောက္ခချုပ်များနှင့်ကျောင်းအုပ်ကြီးများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၆)သို့ တက်ရောက်

မကွေးတိုင်းဒေသကြီး တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ပထမပုံမှန် အစည်းအဝေးအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ စနစ်တကျကြိုတင်ပြင်ဆင်နိုင်ရေးအတွက် ဦးစီးကော်မတီအစည်းအဝေး(၂/၂၀၂၆)ကို ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်းက မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး၊ ပထမထပ် VIP Meeting Room ၌ ပြုလုပ်ခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး