မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “အောင်လံသား” စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းစု၏ စပါးကြိတ်ခွဲသန့်စင်စက် ဖွင့်ပွဲအခမ်းအနားတက်ရောက်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ်ကျေးရွာတွင် “အောင်လံသား” စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းစု၏ စပါးကြိတ်ခွဲသန့်စင်စက် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ပခုက္ကူမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာ‌ပေးဟောပြော၊ သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ပခုက္ကူမြို့၊ အခြေခံပညာကျောင်းများထံ ကွင်းဆင်းဆောင်ရွက်ကြသည်။

ရေနံချောင်းမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဦးစီးကော်မတီက ကြီးမှူးကျင်းပသည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၇ နာရီက မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

နတ်မောက်မြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စံပြမိခင်ပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စံပြမိခင်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူတက္ကသိုလ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဉာဏစွမ်းရည် ပြိုင်ပွဲများ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို တက္ကသိုလ်အဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ပိုစတာနှင့်ဆောင်းပါး၊ စသည့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့က ကျင်းပပြုလုပ်သည်။

မြို့သစ်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားစနစ်များ ပြည့်ဝစွာဓာတ်အားရရှိရေး ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် လျှပ်စစ်ဓာတ်အား စနစ်ကောင်းမွန်ရေးနှင့် ဓာတ်အားပြည့်ဝစွာ ရရှိရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများ ကြီးကြပ်၍ ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်း၊ တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းများ လုပ်ငန်းများကို ယမန်နေ့က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် အခြေခံပညာ(ထက်၊လယ်၊မူ)အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်းပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ အဆိုပါပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို မင်းဘူးခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးသည်။

ငဖဲမြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်သည့် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အောင်လံမြို့နယ်တွင် မိုးစပါး(ဆာဖိုးသာ)ရိုတ်သိမ်းနေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီးအတွင်း သမဝါယမကဏ္ဍမှ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ အသင်းအချင်းချင်းပံ့ပိုးငွေ၊ သက်တန့်ရောင်စီမံကိန်းရန်ပုံငွေတို့ဖြင့် စီမံကိန်းသီးနှံများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် နံဇူပင်ကျေးရွာ၊ နံဇူပင်စိုက်/ထွေသမဝါယမအသင်းမှ အသင်းသား ဦးခင်မောင်ဝင်း၏ လယ်၃.၅ ဧကတွင် မိုးစပါး(ဆာဖိုးသာ) ရိတ်သိမ်းပြီးစီးမှု၊ ပန်းတိုင်အထွက်နှုန်းရရှိမှု ရှိ/မရှိတို့အား မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိတာရီထွန်း၊ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြမြလွင်နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ရေနံချောင်းမြို့နယ်၌ လာရောက်မဲပေးသူ ၂၅၀၅၀ ဦးရှိပြီး မဲပေးမှုရာခိုင်နှုန်း ၅၇ ဒသမ ၇၆ ရာခိုင်နှုန်းရှိ

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ရပ်ကွက်/ကျေးရွာအုပ်စု ၁၉ အုပ်စုတွင် ယမန်နေ့နံနက် ၆ နာရီက စတင်ကျင်းပရာ ညနေ ၄ နာရီတွင် မဲရုံများပိတ်သိမ်း၍ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။
Subscribe to မကွေးတိုင်းဒေသကြီး