မင်းဘူး(စကု)မြို့နယ်၌ ငှက်ပျောပင်များ စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ၍အဆင်ပြေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းနေထိုင်ကြသည့် ဒေသခံပြည်သူများသည် နှစ်တို၊ နှစ်ရှည်ပင်များ စိုက်ပျိုးခြင်း၊ မွေးမြူရေးလုပ်ငန်းများအပြင် မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် ငှက်ပျောပင်စိုက်ပျိုးခြင်းကိုလည်း လုပ်ကိုင်ကြသည်။