မင်းလှမြို့နယ်တွင် အစားထိုးသီးနှံစိုက်ပျိုးမည့် တောင်သူများအား ပျိုးပင်နှင့် ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ သွေ့ကျောက်ကျေးရွာနှင့် ပနီဆုံကျေးရွာများမှ အစားထိုးသီးနှံ စိုက်ပျိုးမည့်တောင်သူများအား ပျိုးပင်များနှင့် ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။