အောင်လံမြို့၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပါတ်လှုပ်ရှားမှုအခမ်းအနား ကျင်းပ
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပါတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အောင်လံမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။