မကွေးတိုင်းဒေသကြီး

ပခုက္ကူဦးအုန်းဖေ စာပေဆုရှင်၏ ဆီကိုရေချိုး စာအုပ်မိတ်ဆက်ပွဲကျင်းပ

စာရေးဆရာမကြီး နွေးထွေး (ပုသိမ်ကြီး)၊ ခင်သိန်း (ညောင်ဦး) ပခုက္ကူဦးအုန်းဖေ စာပေဆုရှင်၏ ဆီကိုရေချိုး စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၅ ရက်နေ့နံနက် ၈ နာရီက ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာအုပ်စု၊ တောင်သူ ဦးမျိုးသန့် ၏ ကွင်းအမှတ် (၅၀၃)၊ ဧက (၁၀၀) စံပြစိုက်ကွင်း၌ ကျင်းပရာ မြို့နယ်ပြန်ကြားရေးနင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇင်မင်းထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ မန္တလေးမြိုမှ စာရေးဆရာများ တက်ရောက်ကြသည်။

ဆိပ်ဖြူမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို စက်တင်ဘာလ ၂၄ ရက်နေ့နှင့် ၂၅ ရက်တို့၌ ဆိပ်ဖြူ (အ.ထ.က) ကျောင်းတွင် ပြုလုပ်သည်။

ဆင်ပေါင်ဝဲမြို့နယ် အမှတ်(၃)ရပ်ကွက်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ မွန်စိုးရီလမ်းညွှန်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက်ဆရာဝန် ဒေါက်တာ စိုးသူအောင် ကျန်းမာရေးဝန်ထမ်းများသည် ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၃) ရပ်ကွက်၊ ရှစ်မျက်နာဘုရားကြီးဓမ္မာရုံအတွင်း၌ ရပ်ကွက်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)ရှိ ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့သည်။

မြို့သစ်မြို့နယ်၌ မိုးစပါးများ အောင်မြင်ဖြစ်ထွန်းနေ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် မိုးစပါးစိုက်ပျိုးရန် (၆၄၁၂၆)ဧကလျာထားရာ (၆၄၂၀၁)ဧကအထိ ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် ငရုတ်သီးစိမ်းစျေးနှုန်းများ မြင့်တက်လာသဖြင့် ငရုတ်စိုက်တောင်သူများ အဆင်ပြေ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ငရုတ်သီးစိမ်းစျေးနှုန်းများ မြင့်တက်လာသဖြင့် ငရုတ်စိုက်တောင်သူများနှင့် တဆင့်ခံပြန်လည်ရောင်းချသူများလည်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။ 

မကွေးမြို့၌ (၆၁)နှစ်မြာက် ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်း

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်ပြည့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့က မကွေးတိုင်းဒေသကြီး၊ မ‌‌ကွေးမြို့ ပုညဝတီကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်စိုးဝင်း နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရာက်ကြသည်။

ငဖဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး Club အဖွဲ့ဝင်များပူးပေါင်း၍ စာဖတ်ဝိုင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် Club အဖွဲ့ဝင်များပူးပေါင်း၍ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ဒေါက်တာခင်မောင်ညိုရေးသားသော “ပလတ်စတစ်စွန့်ပစ်ခြင်း၏ ကြောက်မက်ဖွယ်အန္တရာယ်များ”စာအုပ်ဖြင့် ကျင်းပဆောင်ရွက်ခဲ့သည်။

ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း‌ဆွေးနွေးပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to မကွေးတိုင်းဒေသကြီး