မကွေးတိုင်းဒေသကြီး

မြို့သစ်မြို့နယ် ဒေသထွက်ငရုပ်သီးစိမ်းများ စျေးပြန်လည်ကျဆင်း

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊မြို့ သစ်မြို့နယ်တွင်စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများ သာမက ရာသီအလိုက် ကာလတို/ကာလရှည်သီးနှံမျိုးစုံကိုစိုက်ပျိုးလျက်ရှိရာ ငရုပ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်လျှက်ရှိပြီးရောင်းချချိန် ငရုပ်သီးစိမ်းစျေးများပြန်လည်ကျဆင်းနေကြောင်းသိရသည်။

ရွှေပုံတောင်ရပ် ရန်အောင်မြင်စေတီတော်မြတ်ကြီး၏ (၅၂၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စာရေးတံမဲဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရွှေပုံတောင်ရပ် ရန်အောင်မြင်စေတီတော်မြတ်ကြီး၏ (၅၂၀)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် မြို့နယ်သံဃာနာယကဥက္ကဋ္ဌ ဘဒ္ဒန္တကေသဝအမှူးပြုသော ပင့်သံဃာ (၃၉၅)ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စာရေးတံမဲဆပ်ကပ်လှူဒါန်းပွဲကို ယမန်‌နေ့က ရန်အောင်မြင်စေတီတော် မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးသည် သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်သော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး၊ စိုက်ပျိုးရေးကဏ္ဍ တိုးတက်စေရန်နှင့် လျာထားချက်ပြည့်မီကျော်လွန်စေရေးအတွက် (အဓိကသီးနှံ-၁၀ မျိုး)ကို မျှော်မှန်းချက်ပြည့်မီအောင် အထူးအလေးထားဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၂/၂၀၂၅) ကို စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပခုက္ကူတက္ကသိုလ်၌ ပရိုဂျက်အခြေပြုသင်ယူလေ့လာမှုမှ အရည်အသွေးရှိပညာရေးသို့ ပြပွဲ၊ပြိုင်ပွဲဆုချီးမြှင့်ပွဲ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ Quality Education through Project-based Learning (ပရိုဂျက်အခြေပြုသင်ယူလေ့လာမှုမှ အရည်အသွေးရှိပညာရေးသို့) ပြပွဲ၊ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို စက်တင်ဘာ ၅ ရက်နေ့ နံနက် ၉ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ ပင်မဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည်။

စလင်းမြို့နယ်တွင် ရဟန်းရှင်လူပြည်သူများအား ကျန်းမာရေးစောင့်ရှောက်

မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင် စလင်းမြို့ ပုထိုးဖြူရပ်ကွက် ငွေတောင်ဦးကျောင်း ဒို့မေတ္တာ(အခမဲ့)ကုသိုလ် (၈)မျိုးကျန်းမာရေးနှင့် နာရေးကူညီမှုအသင်းမှ ယနေ့နံနက်ပိုင်းမှစတင်ကာ ရပ်ဝေးရပ်နီးမှ ရဟန်းရှင်လူပြည်သူများအားဆေးကုသပေးကြောင်းသိရသည်။

(၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပခုက္ကူမြို့၊အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း

၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၇နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ ဓာတ်ခွဲဌာနနှင့်သွေးလှူဘဏ်၌ ခရိုင်အခြေပြုရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ စုပေါင်းသွေးလှူဒါန်းကြသည်။

စေတုတ္တရာမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့မြို့၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲကို စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီက အ-ထ-က-စေတုတ္တရာကျောင်းတွင် ကျင်းပပြုလုပ်ည်။

မင်းလှမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲကို စက်တင်ဘာ ၆ ရက်နေ့နံနက် ၉ နာရီက မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သရက်မြို့၌ (၉၆)ကြိမ်မြောက် သာသနာ့အနွယ်ဝင် သီလရှင် (၆၂)ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေလောင်းလှူ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ လစဉ်လပြည့်နေ့တိုင်း လှူဒါန်းလျက်ရှိသည့် (၉၆) ကြိမ်မြောက် သာသနာ့အနွယ်ဝင် သီလရှင်(၆၂)ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေလောင်းလှူပွဲကို ယနေ့ နံနက်(၈) နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

နတ်မောက်မြို့နယ် မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စက်တင်ဘာ ၅ ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Subscribe to မကွေးတိုင်းဒေသကြီး