စကုမြို့၌ World Sight Day အထိမ်းအမှတ်အဖြစ် အခမဲ့ ဆေးကုသပေးခြင်းများ ဆောင်ရွက်

မင်းဘူး အောက်တိုဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက World Sight Day အထိမ်းအမှတ်အဖြစ် အခမဲ့ ဆေးကုသပေးခြင်းများကို ယနေ့နံနက်ပိုင်းက စကုမြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဦးဆောင်၍ ကုသရေးဦးစီးဌာန မင်းဘူးမြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ အထူးကု ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက World Sight Day အထိမ်းအမှတ်အဖြစ် မင်းဘူး(စကု) မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ဆေးကုသပေးခြင်းများ ဆောင်ရွက်ခဲ့ရာ မျက်စိလူနာ ၁၂၂ ဦး၊ အထွေထွေရောဂါလူနာ ၉၁ ဦး၊ ခွဲစိတ်လူနာ ၂၁ ဦး၊ ကလေးလူနာ ၇ ဦး၊ သားဖွား/မီးယပ်လူနာ ၉ ဦး၊ အရိုးအကြောလူနာ ၁၅၀ ဦး၊ သွားနှင့်ခံတွင်းလူနာ ၂၅ ဦး၊ Ultrasound လူနာ ၇ ဦး၊ စုစုပေါင်းလူနာ ၄၃၂ ဦးတို့အား အခမဲ့ ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)