ကံမမြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ဗီဒီယို ကလစ် ပြသ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ကံမ) မြဝတီခန်းမ၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ဗီဒီယို ကလစ် ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။