သံတောင်ကြီးမြို့(အထက)ကျောင်းတွင် အခြေခံပန်းချီ နှင့် ကွန်ပျုတာအခြေခံ သင်တန်းဖွင့်လှစ် Read more about သံတောင်ကြီးမြို့(အထက)ကျောင်းတွင် အခြေခံပန်းချီ နှင့် ကွန်ပျုတာအခြေခံ သင်တန်းဖွင့်လှစ် ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်တွင် ကျောင်းသူ/ကျောင်းသားများ အားလပ်ချိန်ကို
ဆောင်းရာသီကာလအတွင်း၊ ကွမ်းရွက်စျေးနှုန်းများမြင့်တက်၍ ကွမ်းစိုက် တောင်သူများအနေဖြင့် ဝင်ငွေ ကောင်းကာ အဆင်ပြေလျက်ရှိ Read more about ဆောင်းရာသီကာလအတွင်း၊ ကွမ်းရွက်စျေးနှုန်းများမြင့်တက်၍ ကွမ်းစိုက် တောင်သူများအနေဖြင့် ဝင်ငွေ ကောင်းကာ အဆင်ပြေလျက်ရှိ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ဆားတောင်ကြီးကျေးရွာတွင် ကွမ်းနုဝါခြံများ စိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်းပြုလုပ်သူများအနေဖြင့် ယခုအချိန် ဆောင်းရာသီကာလအတွင်း ကွမ်းနုဝါ (၁) ပိဿာကို (၈၀၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်ထိ စျေးကောင်းရရှိကာ ရောင်ချရလျက်ရှိသဖြင့် မိသားစုဝင်ငွေ ပိုမိုရရှိကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြောင်မြို့နယ်၊ ပရိမ္မစံပြကျေးရွာတွင် ဖရဲစိုက်တောင်သူများ အနေဖြင့် ဖရဲသီးများ အောင်မြင်ဖြစ်ထွန်း Read more about မြောင်မြို့နယ်၊ ပရိမ္မစံပြကျေးရွာတွင် ဖရဲစိုက်တောင်သူများ အနေဖြင့် ဖရဲသီးများ အောင်မြင်ဖြစ်ထွန်း စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ပရိမ္မစံပြကျေးရွာတွင် ဖရဲစိုက်တောင်သူများအနေဖြင့် ဖရဲသီးများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် နောင်ခမ်းကျေးရွာ ရွှေကျီးယုံ သမိုင်းဝင်ဘုရာကြီး ရင်ပြင်တော် ကွန်ကရစ်ပတ်လမ်း ခင်းနိုင်ရေး မြေကြီးလိုင်းများတူးဖော်လျှက်ရှိ Read more about ကျောက်ဆည်မြို့နယ် နောင်ခမ်းကျေးရွာ ရွှေကျီးယုံ သမိုင်းဝင်ဘုရာကြီး ရင်ပြင်တော် ကွန်ကရစ်ပတ်လမ်း ခင်းနိုင်ရေး မြေကြီးလိုင်းများတူးဖော်လျှက်ရှိ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် သံရွာကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာရှိ ရွှေကျီးယုံဘုရားသို့ ဘုရားဖူးလာသူများ စိတ်အေးချမ်းစွာဘုရားဖူးနိုင်ရေးအတွက် ဘုရားရင်ပြင်တော် ကွန်ကရစ် ပတ်လမ်း ခင်းနိုင်ရေး သံရွာနယ်မြေစခန်းမှ စခန်းမှူး ရဲအုပ်ထွန်းနိုင်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များသည် မြေကျင်းတူးဖော်ခြင်း လုပ်ငန်းများကို ဒီဇင်ဘာ(၅)ရက် နံနက်(၁၀)နာရီက ရပ်မိ၊ ရပ်ဖ ဦးမောင်မြင့်၊ ဘုရားဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်းနှင့် ကျေးရွာသူ၊ရွာသားများနှင့်အတူ ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
ကြည့်မြင်တိုင်မြို့နယ်တွင် အမှိုက်နှင့် စားနပ်ရိက္ခာ လဲလှယ်လှူဒါန်းခြင်းပြုလုပ် Read more about ကြည့်မြင်တိုင်မြို့နယ်တွင် အမှိုက်နှင့် စားနပ်ရိက္ခာ လဲလှယ်လှူဒါန်းခြင်းပြုလုပ် ကိုဗစ်-၁၉ ကာလအတွင်း ရပ်ကွက်နေပြည်သူများအကြား အမှိုက်များ စနစ်တကျ စွန့်ပစ်တတ်စေရန်၊ ရောဂါ ကာကွယ်ရေးတွင် တစ်ထောင့် တစ်နေရာမှ အထောက်အကူဖြစ်စေရန်၊ နေထိုင်ရာ ပတ်ဝန်းကျင် သန့်ရှင်းစေရန်တို့ကို ရည်ရွယ်ကာ အမှိုက်နှင့် စားနပ်ရိက္ခာ လဲလှယ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ရန်ကုန်အနောက်ပိုင်း ခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ကရင်အမျိုးသားရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။
မရမ်းကုန်းမြို့နယ်တွင် STOP COVID အဝါရောင် Mask Campaign လှုပ်ရှားမှု အရှိန်အဟုန်မြှင့် ဆောင်ရွက် Read more about မရမ်းကုန်းမြို့နယ်တွင် STOP COVID အဝါရောင် Mask Campaign လှုပ်ရှားမှု အရှိန်အဟုန်မြှင့် ဆောင်ရွက် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့် အညီ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၃) ရပ်ကွက်၌ ယမန်နေ့မွန်းလွဲ (၃) နာရီအချိန်က STOP COVID အဝါရောင် Mask Campaign လှုပ်ရှားမှု ကိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့သည်။
ရှမ်းရွာသစ်မြို့တွင် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေ Read more about ရှမ်းရွာသစ်မြို့တွင် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ နေ့ထူးနေ့မြတ်များ အကြောင်း သိရှိစေရန်နှင့် ဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက် မည့် (၇၃) နှစ်မြောက် လွတ်လပ်ရေးနှင့် အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို မြို့ပေါ်ရပ် ကွက်များ၊ လူစည်ကားရာနေရာများ၊ ဈေးဆိုင်များနှင့် လမ်းသွားလမ်းလာပြည်သူများတို့အား ယနေ့နံနက် ပိုင်းတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ဗဟန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး၊ အရှိန်အဟုန်မြှင့် Mask Campaign ပညာပေး လုပ်ငန်များ ဆောင်ရွက် Read more about ဗဟန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး၊ အရှိန်အဟုန်မြှင့် Mask Campaign ပညာပေး လုပ်ငန်များ ဆောင်ရွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွါးမှုလျော့နည်း စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီက ဦးဆောင်၍ မဖြစ်မနေ လမ်းထွက် သွားလာနေကြသူများကို
ဒီးမော့ဆိုမြို့နယ်တွင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အဆင့် စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီများနှင့် တွေ့ဆုံဆွေးနွေး Read more about ဒီးမော့ဆိုမြို့နယ်တွင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အဆင့် စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီများနှင့် တွေ့ဆုံဆွေးနွေး ဒေသဖွံ့ဖြိုးရေးကွန်ယက် (LDN) မှ ပြည်သူလူထုကိုယ်တိုင် ဦးဆောင်သော ဖွံ့ဖြိုးရေးကို မြှင့်တင်ခြင်းဆိုင်ရာ စံနမူနာ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အဆင့် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဗန်းမောက်-ပန်းတောလမ်းပိုင်းပေါ်ရှိ အရှည်(၁၅၀)ပေ ခေါပုတ်ချောင်းကူး တံတားတည်ဆောက် ရန် ပန္နက်ရိုက် အခမ်းအနားပြုလုပ် Read more about ဗန်းမောက်-ပန်းတောလမ်းပိုင်းပေါ်ရှိ အရှည်(၁၅၀)ပေ ခေါပုတ်ချောင်းကူး တံတားတည်ဆောက် ရန် ပန္နက်ရိုက် အခမ်းအနားပြုလုပ် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဗန်းမောက်-ပန်းတောလမ်းပေါ်ရှိ အရှည် (၁၅၀)ပေ နောင်မဲ့လုံကျေးရွာနှင့် လေးသီ ကျေးရွာကြား ခေါပုတ်ချောင်းကူးတံတား နှစ်လွှာတစ်ထပ်ဘေလီတံတား တည်ဆောက်နိုင်ရန် အတွက် ပန္နက်ရိုက် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။